Part 43💓

3.4K 267 22
                                        


Unicode version

Jisooရဲ့ အကူအညီတောင်းဆိုမှုကြောင့် eunjungတယောက် သူ့ချစ်သူ jiyeonကို မရရအောင် ချွဲကာ jisooကို ကူညီရန် ပြောရပါသည်

အစကတော့ Jiyeonက လက်မခံသောကြောင့် eunjungမှာ နေ့စဉ်ရက်ဆက် ဘေးကနေ အပူကပ်တော့သည်

"Sooကို ကိုယ်တို့ကူညီရအောင်လေနော်"

"Ji lisaတို့ကုမ္ပဏီကို အဆင်ပြေအောင် ကူညီကြရအောင်လေနော်"

"Jiji ya sooကို ကူညီပေးလိုက်ပါလေနော်...နော်လို့"

Eunjungရဲ့ စကားသံကို နေ့စဉ်နေ့ရက် ကြားနေပါသော jiyeonတယောက် နောက်ဆုံးတော့ သူ့ချစ်သူကို အလျှော့ပေးလိုက်ရလေသည်

သူ့ချစ်သူဆန္ဒအတိုင်း Lisaတို့ကုမ္ပဏီမှာ သူရင်းနှီးမြှပ်နှံရန် ဆုံးဖြတ်လိုက်ပါသည်

Lisaတို့ကုမ္ပဏီကို လာကာ lisa နဲ့ ကုမ္ပဏီကိစ္စ ဆွေးနွေးတယ် jiyeonညီမ sanaကတော့ Lisaကို သိပ်ကြည့်မရ ဘာလို့ဆို သ့သူငယ်ချင်း Minaက lisaချစ်သူ jisooကို ကြိုက်နေတယ်ဆိုတာ သူသိလို့ပင်

ဒါပေမယ့် အမစကားဆိုတော့ မလွန်ဆန်လို့မရ အမနဲ့အတူ Lisa companyကို လာကာ အလုပ်ကိစ္စဆွေးနွေးရလေသည်

Company နှစ်ဖက် တယောက်လိုချင်တာကို အပြန်အလှန်ပြောပြီး ဆွေးနွေးကြတယ် နောက်ဆုံးတော့ Jiyeonတို့ company က lisaတို့ဆီမှာ ရင်းနှီးမြှပ်နှံလိုက်လေသည်

ဒီသတင်းလည်းကြားရော အပျော်ဆုံးလူသားက Kim jisooဆိုသောသူမ

ပျော်တာပျော်တာဆိုတာ Lisaလည်း အိမ်ရောက်လာရော ပြေးဖက်တာ သူမပါပဲ...

Lisaတို့ companyအခြေအနေက တဖြည်းဖြည်း ပြန်အဆင်ပြေနေပါပြီ new productလည်း ထုတ်ပီး ငွေလည်း ပြန်လည်ပတ်နေပီ new product ကြောင့် အမြတ်များစွာ ပြန်ရနေပြီ

Company က အရင်လို အခြေအနေ ပြန်ဖြစ်လာပြီး အောင်မြင်မှုတွေတောင် ပြန်ရယူနေပီ Top ten companyထဲမှာတောင် ပြန်ပါလာပါပြီ

Lisaလည်း companyက အလုပ်တွေနဲ့ တချိန်လုံး အလုပ်ရှုပ်နေတာမို့ jisooကို သိပ်တောင် ဂရုမစိုက်နိုင်ပေ။

သူ ကလေးကို နားလည်ပါတယ် ကလေးအလုပ်ရှုပ်တာကို သူဗွေမယူပါ ကလေးဒီလို အလုပ်တွေ လုပ်နေမှ company က ပိုပိုအောင်မြင်လာမှာလေ

မမ💓 (Lisoo)Onde histórias criam vida. Descubra agora