Part 40💓

5.8K 287 23
                                        

unicode version

နေ့လည်ပိုင်း ရောက်လာတော့ jisoo အရင်အိပ်ယာပေါ်မှ နိုးလာသည်

ကလေကို ကြည့်လိုက်တော့ သူ့ဒဏ်ကြောင့် မနိုးသေး။

သူထပြီး နေ့လည်စာ ချက်လိုက်သည် နေ့လည်စာချက်ပြီး တခဏလောက်ကြာတော့ ကလေးနိုးလာပါသည်

"ကလေး နိုးလာပြီလား"

ကလေးက ခေါင်းညိတ်ပြသည်

"ထတော့ ကလေး"

"မထနိုင်ဘူး မမ "

"ဟင် ဘာလို့"

"ညကဒဏ်ကြောင့်လေ"

Lisaပြောတော့ သူရယ်လိုက်သည်

"ဘာလို့ရယ်တာလဲ lisa ဘယ်သူကြောင့် ဒီလိုဖြစ်နေတာလဲ"

Lisaက ကုတင်ပေါ်ကနေ မျက်စောင်းထိူးတော့ သူမျက်နှာငယ်လေးဖြင့်

"တော်တော်နာနေတလား"

"နှစ်ခါတောင် လုပ်တာလေ နည်းနည်းတော့ နာတာပေါ့လို့"

"Miya..miya နောက်တခါကျ မနာအောင် လုပ်ပေးမယ်လေနော်..ဟီး..ဟီး"

သူရယ်ပြီးပြောတော့ ကလေးရဲ့နဂါးမျက်စောင်းကို ထပ်ခံရသည်

"မမ ချီ"

ကုတင်ပေါ်ကနေ လက်နှစ်ဖက်ဆန့်ပြီး ပြောလာတဲ့ lisaကို ကြည့်ပြီး သူသဘောတွေကျနေပါသည်

လက်ကလေး၂ဖက်ဆန့်ထုတ်ပီး နှူတ်ခမ်းလေးစူထားတဲ့ လီလီက တကယ်ချစ်စရာအရမ်းကောင်းလိုက်တာ

"ဟုတ်ပြီ မမချီမယ်နော် 1..2...3"

ကလေးကို သူညင်သာစွာပွေ့ချီလိုက်ပါသည်

ကလေးက သူ့လည်ပင်းကိုသိုင်းဖက်ထားပါသည်

အဝတ်အစား အရင်လဲပေးလိုက်ပါသည် ပြီးတော့ ကလေးကို ပြန်ချီရပါသေးသည်

တော်တော်လမ်းမလျှောက်ချင်တဲ့ကလေးမလေး

ကိုယ့်ကြောင့်သူလမ်းမလျှောက်နိုင်တော့လဲ ကိုယ်ချီရမှာပဲလေ

Jisooကလေးကိုချီလာပါသည် မီးဖိုချောင်ထဲရောက်တော့ ကလေးကို ထိုင်ခုံပေါ် ချလိုက်ပြီး

"ကဲ နေ့လည်စာ စားကြမယ်"

"ခွံကျွေး"

ကလေးရဲ့အမိန့်ကို သူမလွန်ဆန်ရက်ပါ

မမ💓 (Lisoo)Where stories live. Discover now