Part 30💓

3.3K 267 21
                                        

unicode version

Lisa's pov

"နင်ပြန်ရောက်တာ ငါ့မပြောဘူး အစုတ်ပလုတ်မ"

Jennieက မုန့်ပလုပ်ပလောင်းစားရင်း ပြောသည်

"အေးလေ နင်ငါတို့ကို မပြောဘူး"

"မဟုတ်ပါဘူးဟ ငါမနေ့ကမှ ပြန်ရောက်တာလေဟယ် "

တကယ်လည်း မနေ့ကမှ lisaပြန်ရောက်တာပါ မနေ့ကပြန်ရောက်ရောက်ချင်း တနေကုန်နားပီး အိပ်ပျော်သွားတာ  ဒီနေ့ကျမှ သူငယ်ချင်းမများကို ခေါ်ပီး စကားပြောဖစ်ကြတာပါ

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

"ဟဲ့ လီလီ နင်အရမ်းလှလာတယ် ကြည့်စမ်း မတွေ့ရတဲ့အတောအတွင်း ပိုပိုလှလာတယ် "

Jihyoက အမွန်းတင်တော့ lisa မိုးပေါ်သို့ မြောက်ချင်သွားသလို

"ဒါနဲ့ ဟိုအတွဲရော ဘယ်မှာလဲ "

"Nayeonတို့လား"

"အေး"

"သူတို့ယူလိုက်ပီဟ အခုhoney moon ထွက်သွားတာ"

"Wow နောက်နေ့ကျမှ ယုန်မကို ဖုန်းဆက်ဂုဏ်ပြုရမှာပဲ"

"Lisa ya ငါ့တို့ ဂုဏ်ပြုရမယ့် နောက်တယောက် ရှိသေးတယ်"

"ဘယ်သူလဲ"

"သူ"

Jennieက jihyoကို လက်ညှိုးထိုးပြသည် jihyoကတော့ မျက်နှာလေးနီရဲသွားပါသည်

"ဘာလဲ ငါတို့FAလေး ရည်းစားရသွားပီလား"

Lisaပြောတော့ jennieခေါင်းညိတ်ပြလိုက်သည်

"တကယ်ကြီးလားဟ"

"အေး lisa နင်သိတယ်လေ park chaeyoung လေ နင့်မမ သူငယ်ချင်း"

Jihyo က လက်နဲ့ မပြောရန် တားလိုက်ပါသော်လည်း jennieပါးစပ်က ထွက်ပီးသွားပီ

"Miyanae lili ငါ..."

"ရပါတယ် ငါဘာမှမဖစ်ပါဘူး"

"နင်သူ့ကိုချစ်သေးတယ်မလား lili"

Lisa ငိုင်ကျသွားသည် ဘာဖြေလို့ ဖြေရမှန်းမသိ ဖြစ်သွားသည်..

လွန်ခဲ့တဲ့လေးနှစ်ထဲက အခုထိ အဲ့အဖြေက အတူတူပါပဲ... မမ lisaကို ဖြတ်သွားတော့ မမကို မုန်းပြီ မေ့ပြီလို့ ထင်ခဲ့ပေမယ့် lisaရင်ထဲမှာ မမကို မမုန်းရက်ပါ

မမ💓 (Lisoo)Donde viven las historias. Descúbrelo ahora