Part 25💓

3.2K 271 23
                                        

unicode version

Jisoo pov

ဧည့်ခန်းထဲမှာ jisooတယောက် ငုတ်တုတ်ထိုင်နေရင်းနဲ့ ကလေးနဲ့သူ့အကြောင်းကို စဉ်းစားမိတယ်

သူကလေးကို ပထမစတွေ့တဲ့နေ့ကို မှတ်မိသေးတယ်
အဲ့နေ့က သူက ဖုန်းပြောနေတာ ကလေးက သူ့ဘေးက ဖြတ်သွားတာ ကလေးကို သူသတိထားမိတယ် ဘာလို့လဲဆို ကလေးက သူ့ကိုစိုက်ကြည့်နေတာကိုး

ဒုတိယအကြိမ်ကကျ ကလေးနဲ့ထပ်တွေ့တာ fresher welcomeမှာ။ သူနဲ့ကလေးကို မိတ်ဆက်ပေးနေရင်း ကလေးက တခြားသူတွေကိုကျ လက်မကိုင်ဘဲ သူ့အလှည့်ကျမှ လက်ဆွဲနှုတ်ဆက်တာ...

Lisaလက်ကလေးက နွေးနေတာပဲ သူ့ရဲ့အေးနေတဲ့ လက်တွေကို နွေးထွေးအောင် လုပ်ပေးနေသလို

သူ့ပါးစပ်က lisaကိုတွေ့ရင် ကလေးလို့ထွက်ထွက်သွားတာ lisaက သူ့အတွက် ကလေးပိစိပါပဲလေ

ကလေးကသူ့သူငယ်ချင်းတွေက အရက်တွေသောက်နေတော့ သူ့မှာကလေးကို စိတ်ပူရတာမှအမော ဘာမှသူနဲ့မသက်ဆိုင်ဘဲ ကလေးကို စိတ်ပူနေရတာ သူ့မှာဘာမဆိုင်ညာမဆိုင် ကလေးသောက်မယ့်ခွက်ကို ယူသောက်လိုက်တော့ ကလေးသူ့ကိုကြည့်တဲ့အကြည့်လေးက အံဩတဲ့အကြည့်လေး

တတိယအကြိမ်ကျ library မှာပေါ့ ကလေးနဲ့သူက libraryမှာအမြဲလိုလိုတွေ့တတ်တယ် အစက တိုက်ဆိုင်တာလို့ သူထင်ခဲ့တာ...

ဒါပေမယ့်ကလေးက အမြဲတမ်းသူရှိတတ်တဲ့အချိန်ဆို libraryကို ရောက်ရောက်လာတတ်တယ် သူ့ကို အမြဲစိုက်စိုက်ကြည့်နေတတ်တယ် ပြီးရင် ဓာတ်ပူံလည်း ခိုးခိုးရိုက်တတ်သေးတယ်...ကလေးက သူ့ကိုအဲ့ကတည်းက တကောက်ကောက်လိုက်ခဲ့တာပါ...

Messagersကနေ Hiဆိုတဲ့စကားနဲ့စပီး စာအကြောင်းတွေ လာလာမေးနေသော ကလေး..

....
...
....
သူ့မွေးနေ့မှာ လက်ဆောင်တစ်ထုပ်ရရှိတယ် လက်ဆောင်ထုပ်ထဲမှာ ပါတဲ့စာကိုဖတ်ကြည့်တော့ ကလေးဆီကဆိုတာ သူသိလိူက်ရတယ် ကလေးက သူ့ကို လက်ဆောင်ပေးတယ်ဆိူတာ ရှင်းနေတာပဲ ကလေးစိတ်ထဲ သူရှိနေတာပေါ့....

နောက်ပိုင်းကျ အိမ်ကိူ စာအကြောင်းပြပီး လာလာတတ်တဲ့ကလေးဟာ သူ့ရင်ခွင်ထဲ တဖြည်းဖြည်းနေရာယူလာပါပြီ...

မမ💓 (Lisoo)Where stories live. Discover now