Part 35💓

3.7K 267 14
                                        

unicode version

မနက်မိုးလင်းလာတော့ အိပ်ယာပေါ်မှာ ကောင်မလေး၂ယောက်။

တယောက်က တယောက်ကို တင်းကြပ်စွာ ဖတ်ထားပြီး တယောက်က တယောက်ရဲ့ ရင်ခွင်အကျယ်ကြီးထဲမှာ။

နေရောင်အရှိန်ကြောင့် ဖတ်ထားတဲ့ တယောက်က နိုးလာပြီး သူ့ရင်ခွင်ထဲက ကောင်မလေးကို ငုံ့ကြည့်တယ်

ပြီးတော့ သူအိပ်ယာပေါ်ကနေ အသာအယာထလိုက်သည် ကလေးကိုကြည့်တော့ အိပ်ပျော်နေတာမှ တရေးတမော။ မနှိုးရက်သေးပါ သူမနက်စာပြင်ပီးတော့မှ ကလေးကို နှိုးပါမယ်

သူကလေးနိုးမှာစိုးလို့ ခြေသံဖွဖွလေးဖြင့် ရေချိုးခန်းဘက် သွားလိုက်သည် သူရေချိုး အဝတ်အစားလဲကာ မီးဖိုချောင်ဘက် ထွက်လာသညိ

ကလေး စားဖို့ သူပြင်ဆင်ရမည်

သူချက်ချင်းဘဲ ကော်ဖီအရင်ဖျော်လိုက်သည် သကြားများများထည့်ရမယ် ကလေးက အချိုကြိုက်တယ်

ကော်ဖီဖျော်ပြီးနောက် ပေါင်မုန့်ထုတ်လိုက်သည် ကလေးက ပေါင်မုန့်ကြက်ဥကြော် အရမ်းကြိုက်တာ သူသိသည်

ကြက်ဥကို ခေါက်လိုက်ပြီး ပေါင်မုန့်ကို ကြက်ဥနဲ့ နှစ်ကာ သူ ပေါင်မုန့်ကြက်ဥကြော် လုပ်နေသည်

ဒီအချိန် သူခါးလေးကို တစုံတယောက် လာထိသလို ခံစားလိုက်ရသည်

သူကြည့်လိုက်တော့ ကလေးဖြစ်နေသည် ကလေးက အနောက်ကနေ သူ့ခါးကို ဖတ်ထားသည် သူ့ပခုံးပေါ်မှာ ကလေးက ခေါင်းကိုထားကာ မှီနေသည်

"ကလေး"

"ဒီအငွေ့အသက်လေး လွမ်းနေတာ"

Lisaပြောရင်း အနောက်ကနေ မမကို သိုင်းဖက်လိုက်ပြီး မမရဲ့ပခုံးလေးပေါ်မှာ lisaခေါင်းလေးမှီထားပါတယ်

ဒီအငွေ့အသက်တွေလွမ်းနေတာပေါ့ လေးနှစ်ကြီးများတောင် လွမ်းလိုက်တာ မမရယ်

"ကလေး ဘာလို့ထလာတာလဲ မမက အကုန်ပြင်ဆင်ပြီးမှ လာနှိုးမလို့ကို"

မမကပြောနေလည်း lisaက မမခါးကိုသာ အနောက်ကသိုင်းဖက်ထားပြီး မမပြောသမျှ နားထောင်နေပါသည်

မမ💓 (Lisoo)Место, где живут истории. Откройте их для себя