" Jiyong.. ဘယ်လိုလုပ်လိုက်တာလဲ.. "
" ကျွန်တော် အရမ်းစိတ်တိုလာလို့ပါ.."
" အခု မင်းကြောင့် မသေသင့်တဲ့သူတွေ သေ
ကုန်ပြီလေ.. ""..."
" မင်းကို အပြစ်ပေးရမယ်.. အခုချက်ချင်း..
မြေပြင်ပေါ်မှာ နေရမယ် "" ဘာ.. ကျွန်တော်မသွားနိုင်ဘူးနော်.."
" အပြစ်လုပ်ထားရင် အပြစ်ဒဏ်ခံရမှာပဲ..
မြေပြင်ပေါ်မှာ နေပြီး ဒီပုလင်းထဲမှာ..
မင်းမျက်ရည်ပြည့်လာတဲ့ နေ့မှ.. နတ်ဘုရား
တွေရဲ့ ကောင်းကင်ကို ပြန်လာလို့ရမယ် "" ကျွန်တော်က နတ်ဘုရားငယ်လေ..
လနတ်ဘုရားကိုယ်တိုင် ကျွန်တော့်ကိုရွေး
ထားတာ... ဒီပင်လယ်ပြင်ကို စောင့်ရှောက်ဖို့
ကျွန်တော့်ကို ရွေးထားတာ..
မြေပြင်မှာ မနေနိုင်ဘူးနော်.. "" မင်း ဒေါသမထိန်းနိုင်လို့.. ပင်လယ်ပြင်မှာ
ကမောက်ကမတွေ ဖြစ်ရတာလေ..
ပင်လယ်နတ်ဘုရားငယ် အပြစ်ဒဏ် ခံယူပါ "အမိန့်ချလိုက်တာနဲ့
နီစွေးနေတဲ့ မျက်ဆံတွေက အညိုရောင်...
ငွေရောင်ထနေတဲ့ ဆံသားတွေက အမဲရောင်
မြစိမ်းရောင်သန္တာကျောက်တန်းအလား
ကျက်သရေရှိပြီး တင့်တယ်လှတဲ့ အမြီးဟာ
လည်း ခြေထောက်အသွင်သို့.." ဝမ်းနည်းခြင်း ပူဆွေးခြင်း မရှိတဲ့ ပင်လယ်
နတ်ဘုရားငယ်ဟာ သူ့မျက်ရည်တွေအပြည့်နဲ့
ရတနာရွှေကျူတ်ကို ယူလာမှ.. ပင်လယ်ဆီ
ပြန်လာခွင့်ပြုမယ်.. "ပင်လယ်လှိုင်းလုံးတွေဟာ သူ့ကိုသယ်ဆောင်
သွားပြီး ကမ်းစပ်မှာ အသာအယာချထားပေးခဲ့
တယ်..လည်ပင်းမှာ ရတနာတွေစီခြယ်ထားတဲ့
ပုလင်းလေးကို ကြိုးနဲ့ဆွဲထားတဲ့...
မျက်ဝန်းညိုတွေနဲ့ ယောကျာ်းတယောက်..
မေ့မျောနေတယ်.." နတ်ဘုရားငယ်.မျက်ရည်ကိုဆောင်ယူခဲ့ပါ "
.....................................................................
နှစ်ပေါင်း ၅၀ ခန့် အကြာ
" Jiyong.. ဖုန်းလာနေတယ်.."
တအိမ်တည်း အတူတူနေတဲ့ YongBae ရဲ့
အသံ.." Hello... Jiyong ပါ "