Guardian
Part 16~ Ri.. မင်းကို သတိရတိုင်း..မင်းပေးခဲ့တဲ့..
ကိုကို့နှလုံးသားထဲ အနွေးစီးကြောင်းလေးက
ပိုပိုပူလာတယ်..~ အဲ့ဒါကြောင့်မို့နေမယ်.. ကိုကိုလေ.. တခါ
တလေ.. လူသားနဲ့ပိုတူလာသလိုပဲ..Jisoo နဲ့ မြေပြင်ကအကြောင်းတွေပြောမိ
တိုင်း Ri..မိဘတွေကိုလည်း သတိရတယ်..ဒါပေမယ့်..
ခုတလော Jisoo နဲ့ သူ့အခြွေအရံတွေ
တခုခုကို အလုပ်ရှုပ်နေကြတာပဲ..Jisoo က ပင်လယ်နတ်ဘုရားမလေးဖြစ်ပြီး
ကတည်းက အားသွန်ခွန်စိုက်ကြိုးစားတယ်သတ္တဝါတွေအပေါ်မှာလည်း အရင်ကထက်
ပိုပြီး ကာကွယ်စောင့်ရှောက်တယ်..သူ ဒေါသထွက်ရင်တော့ ပိုဆိုးတယ်..
လှိုင်းလုံးတွေသာ ခေါ်လို့ရရင်..နေ့တိုင်း..
မုန်တိုင်းတွေချည်း ဖန်တီးနေတော့မှာ.." ဦးရီးပဲ စဉ်းစားကြည့်ပါ..ဒီလူသားတွေဟာ
လေ.. အရမ်းကိုကျေးဇူးတရားမသိတတ်လွန်း
တာ.. "သူ စိတ်တိုလာပြီ..ဒေါသထွက်လာပြီ..ဆို
ဦးရီးပဲ စဉ်းစားကြည့်ကနေ နိဒါန်းပျိုးပြီးပြော
လိုက်တာ မနားတမ်းတွေ.." ဒ်ီအမှိုက်တွေကို ပင်လယ်ထဲပစ်ကြတော့..
ပင်လယ်ရေ ညစ်ပတ်ကုန်ပြီး..သတ္တဝါတွေ
သေကုန်မှာ မသိကြတာလား "စိတ်ဆိုးမာန်ဆိုးနဲ့ ပြောနေတော့တာ..
" နတ်ဘုရားတွေက ပြီးပြည့်စုံအောင်..ဖန်တီး
ပေးထားပါရဲနဲ့.. ဒီလူသားတွေ အသိဥာဏ်
နည်းလို့.. တာဝန်မယူတတ်လို့.. အခု အကုန်
ပျက်စီးကုန်ပြီ "" Jisoo ရယ်.. စိတ်လျော့ပါ.."
အရင်က ကိုယ်က ဒေါသကြီးတတ်တာ..အခု
တူမက ကိုယ့်ထက်ပိုဆိုးနေလို့ ချော့နေရတယိ.." မလျော့နိုင်ပါဘူး.. ဦးရီးရဲ့..ခုဆို..ပိုလာ
ဝက်ဝံတွေ နေစရာမရှိဘူး.. ပင်လယ်ဖျံကြီး
တွေ.. သေကုန်ကြပြီ.. ပင်ဂွင်းတွေဆို..
သူတို့ကိုယ်တွေမှာ..ဝဲတွေစားလို့စားနဲ့.. "Jisoo ပြောလည်း ပြောချင်စရာ.. လူသား
တွေက တကယ်ပဲ ဥာဏ်မမှီတာလား..
မပြောတတ်ဘူး..