Part 4

593 46 2
                                    

Guardian
Part 4

" ကိုကို..Ri..ဗိုက်ဆာတယ် "

ရင်ခွင်ထဲကနေ အသံလေးထွက်လာတယ်။

" အင်း.. သွားစားကြမယ်လေ.. "

တောင်ပေါ်ကနေ ပြန်ဆင်းလာကြပြီး..
မနက်စာကို ဆိုင်တခုခုမှာ ဝင်စားလိုက်တယ်။

" ကိုကို..အိမ်လိုက်ခဲ့လေ.. ကိုကိုက Ri..ရဲ့
Bodyguard အသစ်ဆိုတာ မေမေ့ကိုပြောရ
ဦးမှာ.. "

" Ri.. ကိုကို့အကြောင်းတွေကို ဘယ်သူ့မှ
မပြောပါနဲ့နော်..ကိုကိုက.. Ri.. ကိုပဲ ပြောပြ
တာ.. "

" စိတ်ချပါ.. ကိုကိုရဲ့.. Ri..  မပြောပါဘူး "

Ri တို့အိမ်ကိုရောက်သွားတော့..
ဧည့်ခန်းထဲဝင်ဝင်ချင်း.. Ri.. မေမေလို့ထင်ရ
တဲ့ အန်တီကြီးက..

" သား.. တောင်တက်သွားမှာဆို..ပြန်လာ
တာလား... "

" ဟုတ်တယ်..မေမေရဲ့..တောင်တက်ပြီး ပြန်
လာတာ.. မနက်စာတောင်စားခဲ့ပြီ "

" ဟုတ်လား..သူက.."

Ri.. မေမေက သူ့ဘက်က လှည့်ပြိးမေးတော့.

" သူက Jiyong တဲ့.. သားရဲ့ Bodyguard
အသစ်...".

" ဟင်.. သားဖေဖေ ခန့်ထားတဲ့တယောက်က
.. ဘယ်ရောက်သွားတာတုန်း "

" အဲ့လူကြီးက သားကိုအနိုင်ကျင့်တယ်..
သား အတန်းမတက်ရင်လည်း ဖေဖေနဲ့တိုင်
တယ်.."

" သားကလည်း.. သား..ဆိုးနေရင်တော့.."

သူ့အမေက ဆူမလို့ပြင်ခါရှိသေးတယ်..ချက်
ချင်းပဲ မျက်နှာကိုစူပုပ်လိုက်ပြီး..

" သားက ဆိုးမှမဆိုးတာ..တခါတလေ မုန့်
လေးဘာလေးထွက်ဝယ်စားတာကို.. အဲ့လူ
ကြီးက သက်သက်ကြီး ညှောင့်နေတာကို..
မေမေ က ဘာသိလို့လဲလို့...ဟွင့်.. "

" ကဲပါ..သားရယ်..စူပုပ်နေလိုက်တာကို "

ကိုယ်တောင် ဘေးကကြည့်ပြီး ဒီကလေး
နွဲ့ဆိုး ဆိုးနေတာကို ဒီလောက်ချစ်မိနေတာ.
သူ့အမေသာဆို ချစ်လိုက်မှာ ပြောမနေနဲ့..

Guardian (Completed) U+ZWhere stories live. Discover now