Guardian
Part 7အစောကြီး ထလာရတာမို့..ငိုက်တောင်ငိုက်
လာတယ်..Ri.. ကလည်း ဆေးသောက်ပြီး နှစ်နှစ်ခြိုက်
ခြိုက်အိပ်ပျော်နေလိုက်တာများ... ပြီးတော့လက်ကိုလည်း ကိုင်ထားသေးတာမို့ ..
ရုန်းလိုက်ရင် နိုးသွားမှာစိုးတာနဲ့ သူ့လက်က
လေးကို ကိုင်ပြီး..မွေ့ရာပေါ်မှာ ခေါငိးလေးတင်ရင်း ခဏမှေး
နေလိုက်တယ်.." နတ်ဘုရားငယ်..ဒီနေ့ သူတို့လာလည်မယ့်
နေ့မလား...သွားကြိုကြရအောင်လေ "" မယ်မယ်ကလည်း လောလိုက်တာ..သွားရ
မှာပေါ့.. သူ့သမီးငယ်လာမယ်ဆိုရင် ပျော်ရွှင်
လို့.. ဒီက Jiyong ကို မေ့တော့တာပဲ.. "" အို..မယ်မယ်က ဒီက Jiyong ကိုရော..
သမီးလေး Dara ကိုပါ မျှတူချစ်တာပါနော် "" ဟုတ်ပါပြီ..မယ်မယ်ပဲ ချစ်ပါ ..မယ်မယ့်
သမီးငယ်ကဖြင့် ချစ်သူနောက် ကောက်ကနဲ
ပါအောင် လိုက်သွားတာများ.."" Jiyong လည်း တနေ့ ချစ်တဲ့သူတွေ့ရင်..
ဒီက မယ်မယ်ကို ထားရစ်ခဲ့မယ်မလား "" သားချစ်သူကို ဒီနန်းတော်ကြီးထဲခေါ်လာမှာ
ပေါ့.. မယ်မယ်သာ..မျှော်နေတော့ "" ခုထိ မတွေ့သေးဘူးမလား နတ်ဘုရားငယ်
မယ်မယ့်ကို အထင်ကြီးအောင်ပြောမနေနဲ့ "မယ်မယ့်လှောင်ရယ်သံတွေကြားမှာ..ကိုယ့်
ကိုယ်ကို အားမလို့ အားမရတွေဖြစ်မိတာပဲ..တနှစ်တခါ.. ပင်လယ်ဆီ ပြန်လာတဲ့ Dara..
ရေအောက်နန်းတော်ကြီးရဲ့ မင်းသမီးလေး..
ပင်လယ်နတ်ဘုရားငယ်ရဲ့ တဦးတည်းသော
ညီမလေး..တချိန်က Dara ပင်လယ်ပြင်မှာ အလည်လွန်
ရင်း ကျွန်းလေး တကျွန်းနားကိုရောက်သွားပြီး
ကျွန်းပေါ်က လူသားတဦးနဲ့ ချစ်မိတဲ့အခါ...မတူညီတဲ့ ဘဝကို ပေါင်းစပ်ဖို့..
အစတေးခံလိုက်ရတဲ့ ဘဝတခုနဲ့
ပြောင်းလဲရတဲ့ နာကျင်မှုတွေကို Jiyong
မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်..Dara ကို မတူတဲ့နေရာတခုဆီ မသွားစေခဲ့
တာတော့ အမှန်..ဒါပေမယ့် ချစ်စိတ်မွှန်နေတဲ့ ညီမလေးကို
သူချစ်တဲ့သူဆီ အသာတကြည်ထည့်ပေးရ
တာပေါ့..