Guardian
Part 9" မယ်မယ်.. ပြင်ဆင်ခွင့်မရှိတဲ့အရာဆိုတာ
ဘာလဲဟင်.. "ညီမလေး Dara.. ဒီနေ့ အိမ်ကိုပြန်လာပြီး..
ပြောတဲ့စကားကြောင့် အကုန်လန့်ဖြန့်သွား
ကြတယ်..အဲ့ကျွန်းပေါ်က ကောင်လေးကို ချစ်တယ်တဲ့
လူသားတယောက်ကိုချစ်တယ်ပြောနေတဲ့..
သမီးငယ်ကို ဘယ်လိုမှ တားဆီးလို့မရ..ဖခမည်းတော်ကတော့ ပြင်ဆင်ခွင့်မရှိတဲ့..
အရာဆိုပြီး သက်ပြင်းရှိုက်ရင်း ပြောသွားတာ
မို့ Jiyong နားမလည်.." ပြင်ဆင်ခွင့်မရှိတဲ့အရာဆိုတာ..အချစ်ကို
ပြောတာပေါ့ နတ်ဘုရားငယ်ရယ်.. "" ဟင်.. ဘယ်လိုလဲ..မယ်မယ်.."
" အချစ်ဆိုတာ ဘယ်အချိန်မှန်း..
ဘယ်သူ့ကိုမှန်း...စိတ်ထဲက... မပြင်ဆင်ရ
သေးခင်..ချစ်မိသွားနိုင်တယ်...ပြီးတော့..
ချစ်မိသွားရင်လည်း.. မချစ်မိအောင်..
မုန်းသွားအောင်..လုပ်လို့လည်းမရဘူး..
ချစ်တဲ့သူနဲ့ဝေးသွားခဲ့ရင်တောင်.. တချိန်က..
ချစ်ခဲ့တယ်ဆိုတဲ့ အမှန်တရားကို ပြင်ဆင်လို့
မရနိုင်တာမို့..
ပြင်ဆင်ခွင့်မရှိတဲ့အရာက အချစ်လို့ပြောတာ..
နတ်ဘုရားငယ်ရဲ့ "" ရှုပ်ထွေးလိုက်တာ..မယ်မယ်ရယ်..သားဖြင့်
နားကိုမလည်တော့ပါဘူး.. "မယ်မယ်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပေမယ့်..
မယ်မယ့်ရင်ထဲမှာ Dara အတွက် စိတ်ပူနေ
တယ်ဆိုတာ ရိပ်မိပါတယ်..မောင်နှမ ဆိုပေမယ့် Jiyong နဲ့ Dara က
မွေးဖွားလာကတည်းက မတူ..ငွေရောင်ဆံပင်တွေ နီစွေးတဲ့မျက်ဝန်းတွေနဲ့
မြစိမ်းရောင် အမြီးရှည်နဲ့ လိုက်ဖက်တဲ့
ဖြူဖွေးနေတဲ့ အသားအရောင်..
သေဆုံးခြင်းကို မြင်တွေ့နိုင်ပြီး လှိုင်းတံပိုးတွေ
ကို ဆင့်ခေါ်နိုင်တဲ့ Jiyong...နက်မှောင်နေတဲ့ ဆံပင်တွေ
နက်မှောင်နေတဲ့ မျက်ဝန်းတွေ..
ကြက်သွေးရောင်အမြီးရှည်နဲ့ ကြေးနီရောင်
သန်းနေတဲ့ အသားအရည်ကလွဲပြီး
ဘာထူးခြားချက်မှ ကောင်းချီးအဖြစ်ပါမလာတဲ့
Dara..Jiyong က မင်းသားတပါးအဖြစ်
နန်းတော်ထဲမှာ တင့်တယ်ပြီး ကျက်သရေရှိ
နေသလောက်.. Dara ကတော့ အပြင်..
ပင်လယ်ပြင်မှာ လွတ်လွတ်လပ်လပ်ကူးခတ်
နေရတာကို ပိုသဘောကျတတ်တာ..
