Part 19

592 34 0
                                    

Guardian
Part 19

" Ri.. ကိုကို့မယ်မယ်ဆီ..သွားတွေ့ရအောင် "

Ri.. ကို ခေါ်ပြီး ရေအောက်နန်းတော်ဆီ လာ
ခဲ့လိုက်တယ်..

မယ်မယ်..ဖခမည်းတော်နဲ့ Jisoo ရော ရှိနေ
တာမို့..

" ဒါ ကျွန်တော်ချစ်ရတဲ့ ချစ်သူပါ...Lee Seungri တဲ့.. "

Jisoo က..ပြုံးပြီး ခေါင်းညိမ့်နှုတ်ဆက်ပေမယ့်
မယ်မယ်နဲ့ ဖခမည်းတော်က မျက်နှာမသာ
မယာ..

နားလည်ပါတယ်လေ..တဦးတည်းသောသား
နတ်ဘုရားငယ်က လူသားယောကျာ်းလေး
တဦးကို ချစ်ကြိုက်နေကြတာကို..လွယ်လွယ်
တော့ လက်ခံပေးမှာ..မဟုတ်ဘူးပေါ့..

" မယ်မယ်.. သား..သူ့ကိုချစ်တယ်..
ကျေးဇူးပြုပြီး..  "

" မယ်မယ် ပြောပြီးသားမလား.. Jiyong..
သူ ဒီမှာ တရက်တာနေထိုင်ဖို့ အခွင့်ပေးတယ်
ဆိုတာ.. "

Ri..ရဲ့.. ဝမ်းနည်းသွားတဲ့မျက်နှာလေးကိုမြင်
လိုက်ရတယ်..

Jisoo က.. ဝင်ပြောချင်ပေမယ့်..မယ်မယ့်ကို
သူလည်း ကြောက်ရတာမို့ မပြောရဲဘူး..

ဖခမည်းတော်ကတော့ ဘာမှဆုံးဖြတ်ပေးမှာ
မဟုတ်ဘူး.. Dara တုန်းကလိုပေါ့..

" မယ်မယ်.. Dara က မသေခင်ပြောသွား
တယ်.. သူ အိုပြီးသေသွားခဲ့ရတာတောင်..
သူချစ်ခဲ့တဲ့ အချစ်ကို နောင်တမရပါဘူးတဲ့.."

မယ်မယ်က ခေါင်းကိုခါလိုက်ရင်း..

" Jiyong.. မင်း ဘာပြောချင်သလဲဆိုတာ..
မယ်မယ်..နားလည်တယ်.. မင်း..
နတ်ဘုရားငယ်အဆောင်အယောင်ကို..စွန့်
လွှတ်ခဲ့တာလည်း သူ့ကြောင့်မလား.. "

" ဟုတ်တယ်..မယ်မယ်.. Ri.. မရှိတဲ့ဘဝမှာ
သား..မသေမျိုးအဖြစ်လည်းမနေချင်ဘူး..
နတ်ဘုရားလည်းမဖြစ်ချင်ဘူး.. သား..သူနဲ့
မခွဲနိုင်ဘူး..မယ်မယ် "

သူ့စကားတွေက မယ်မယ့်ကို ပိုစိတ်ဆိုးလာ
စေခဲ့တာ..

" Jiyong.. မင်းကို မယ်မယ်.. အပြတ်ပြောပြီး
သား.. မဟုတ်ဘူး.. အမိန့်ပေးပြီးသားနော် "

Ri..က သူ့လက်ကလေးကို ပိုတင်းနေအောင်
ဆုပ်ကိုင်လိုက်တယ်..

~ ကြောက်နေရှာတာနေမယ်..

Jisoo က အခြေအနေကို ဖျန်ဖြေပေးချင်တဲ့ပုံ
နဲ့..

Guardian (Completed) U+ZWhere stories live. Discover now