Guardian
Part 11ညရောက်တော့..
~ Ri.. ရယ်
အိပ်ပျော်နေတဲ့ကလေးလေးကိုကြည့်ပြီး..
ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးမိတယ်..တခါမှ မခံစားဖူးတော့ ရင်ထဲမှာ တမျိုးပဲ..
အိမ်အောက်ထပ်ကို ဆင်းလာတော့..
Ri..ဖေဖေနဲ့မေမေက ထမင်းစားနေကြတာမို့" အန်ကယ်နဲ့အန်တီ.. ကျွန်တော်ပြန်လိုက်ပါ
ဦးမယ်ခင်ဗျ..Ri လည်း အိပ်သွားပါပြီ "Ri..မေမေက
" သြော်.. Jiyong..တခါတည်း ထမင်းဝင်စား
သွားလေ.. "" မစားတော့ပါဘူး အန်တီ.. ခွင့်ပြုပါဦး "
နှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်တယ်..အိမ်ပြန်
ရောက်တော့ တော်တော်နဲ့ အိပ်မပျော်နိုင်..~ Ri..ရဲ့ ဘိုးဘွားတွေက အဲ့ကျွန်းပေါ်က ..
မျိုးနွယ်စုတွေတဲ့.. သူတို့ကိုသတ်ခဲ့တဲ့..ငါ့ကို
Ri.. မုန်းများမုန်းနေမလား..~ Ri..ဖေဖေကသာ..ငါ့ကို..ပင်လယ်နတ်
ဘုရားငယ်မှန်းသိရင်.. Ri.. နားမှာဆက်နေ
ခိုင်းပါ့မလား..ခုချိန်မှတော့ Ri.. နဲ့ ခွဲပြီး မနေနိုင်ဘူး..
တွေးရင်း တွေးရင်း အိပ်ပျော်သွားတော့တယ်
အိမ်မက်ထဲမှာတောင် Dara ငိုနေတဲ့ပုံလေး..
ကိုမြင်ပြီး လန့်နိုးလာတယ်..တဦးတည်းသော ညီမလေး...
ချစ်သူနောက်ကို မိုက်မိုက်ကန်းကန်းလိုက်
သွားတဲ့ ညီမလေး..ကျွန်းတခုလုံး ရေလွှမ်းအောင်လုပ်ပြီးသွား
တော့ လနတ်ဘုရားက ချက်ချင်း အပြစ်ပေးခဲ့
တာမို့.. မယ်မယ်တို့ကိုလည်း မတွေ့လိုက်ရ..
ညီမလေးကိုလည်း မတွေ့လိုက်ရဘူး..လွမ်းတဲ့စိတ်က ရင်ထဲဝင်လာပြီး ငိုမိတယ်..
သူ ဘယ်လောက်ငိုငို..လူသားတဦးကို ချစ်တဲ့
မျက်ရည်မဟုတ်လို့..အလကားပါပဲ..ခဏနေတော့ Seungri ဆီက ဖုန်းဝင်လာ
တယ်.." Hello.. Ri.. "
" ကိုကို.. နိုးပြီးလား.. "
" ခုပဲ နိုးတာ.. Ri.. ရဲ့..သက်သာလားဟင် "