Guardian
Part 18အရှေ့ဘက်က နေထွက်လာတော့မှ..
စိတ်ပျက်လက်ပျက်နဲ့.. နန်းတော်ဆီပြန်လာခဲ့
လိုက်တယ်..~ Ri.. ကိုကို..မင်းဆီရောက်အောင် ဘယ်လို
သွားရပါ့မလဲကွာ..စာတွေလည်း သွားမဖတ်ချင်ဘူး..ပိုလွမ်းလာ
မှာ စိုးလို့.." Jiyong.. သား မျက်နှာလည်း သိပ်မကောင်း
ပါလား.. ဘာတွေဖြစ်လို့လဲဟင်.. "မယ်မယ်က သူ့အနားလာပြီး မေးလာတယ်..
" မယ်မယ်.. သားမှာ ချစ်ရတဲ့သူ ရှိနေပြီ.. "
" ဟင်.. တကယ်လား..သား.. မယ်မယ့်ဆီ
ခေါ်ခဲ့လေ.. ကံကောင်းတဲ့ ရေသူမလေးက
ဘယ်သူများလဲ.. "မယ်မယ်က အားတက်သရော မေးရှာတယ်..
" မယ်မယ်.. ရေသူမ.. မဟုတ်ဘူး..သား..ချစ်
တဲ့သူက လူသားပါ.. မြေပြင်ပေါ်နေတုန်းက..
သား..တွေ့ခဲ့ပြီး..ချစ်ခဲ့တာ.. "" သြော်.. လူသားတဲ့လား.. ဒီလိုဆို..သား..
ပင်လယ်ကိုပြန်ရောက်အောင် လုပ်ပေးခဲ့တာ
သား.. ချစ်တဲ့သူ ..တခုခုဖြစ်ခဲ့လို့လား "မယ်မယ်က ရိပ်မိလိုလိုနဲ့ ပြောတော့..
" ဟုတ်တယ်..မယ်မယ်.. သား..မျက်ရည်ကျ
အောင်..သူက သေချင်ယောင်ဆောင်ခဲ့တာ
တဲ့.. တကယ်သေမလိုတောင်ဖြစ်သွားတာ.." သား.. သူ့ကိုလွမ်းနေတာမလား..အခု..သူ့
ဆီ သွားချင်နေတာမလား.. "" အရမ်းလွမ်းနေတာ မယ်မယ်.. သူကလည်း.
သားကို အရမ်းလွမ်းနေရှာတာ.. အခုတလော
ပင်လယ်ဆီရောက်လာတဲ့ ပုလင်းလေးမှာ...
သားအတွက် သူရေးပို့တဲ့စာတွေ..ပါလာ
တယ်..မယ်မယ်ရဲ့ "မယ်မယ်က အံ့သြသွားသလိုနဲ့..
" သူ..သားဆီ အဲ့လိုနည်းနဲ့ စာလှမ်းပို့တယ်
ပေါ့.. ""တခြားနည်းလမ်းမှမရှိတော့တာပဲ မယ်မယ်"
" သားချစ်တဲ့ လူသားမိန်းကလေးနာမည်က..
ဘယ်သူတဲ့လဲ "" တကယ်တော့လေ..မယ်မယ်..သူက..သူက
မိန်းကလေးမဟုတ်ဘူး..ယော..ယောကျာ်း
လေးပါ.. "မယ်မယ် က သူကြားလိုက်တာက မယုံသလို.
" ဘာ.. Jiyong.. မင်း .. "