Guardian
Part 3" Ri.. အဆင်ပြေရဲ့လား.. "
" ကိုကို..ခုနက ဘာဖြစ်သွားတာလဲ.. ကိုကို့
မျက်လုံးတွေက နီလာတယ်..ပြီးတော့... "" Ri.. ဘာကိုမှမမေးပါနဲ့..နော်... "
" ကိုကို.. Ri. မက်တဲ့အိမ်မက်ထဲက ရေသူထီး
က ကိုကိုပဲမလားဟင်.. အရမ်းတူတယ် "မဖြေမချင်း သံသယတွေနဲ့မေးနေတော့မှာဆို
တော့... သက်ပြင်းတချက်ချလိုက်ရင်း.." Ri.. ကိုကို ပုံပြင်လေးတပုဒ်ပြောပြမယ်..
ဟို ရှေးရှေးတုန်းက ပင်လယ်ပြင်ကြီးရဲ့..
ဟိုးအောက်ဆုံး ကြမ်းပြင်မှာ.. နန်းတော်ကြီး
တခုရှိတယ်တဲ့..အဲ့နန်းတော်ကြီးမှာ.. လူတပိုင်း ငါးတပိုင်းဖြစ်
တဲ့ ရေသူမ တွေ.. ရေသူထီး တွေနေတာပေါ့နန်းတော်ကြီးမှာ စံမြန်းမယ့် ဘုရင်တွေကို..
လနတ်ဘုရားက ရွေးချယ်ပေးသတဲ့..
လနတ်ဘုရား ရွေးချယ်လိုက်တဲ့ ရေသူထီး
ဒါမဟုတ် ရေသူမက နတ်ဘုရားငယ်အဖြစ်
နေထိုင်ပြီး ပင်လယ်ပြင်နဲ့ ရေသတ္တဝါတွေကို
စောင့်ရှောက်ရတယ်..ဘုရင်နဲ့ ဘုရင်မကြီးမှာ သားတော်လေးတပါး
မွေးလာတော့.. လနတ်ဘုရားက ကောင်းချီး
ပေးပြီး နတ်ဘုရားငယ်အဖြစ်ရွေးချယ်ခဲ့တယ်ဒါပေမယ့်.. တနေ့မှာတော့ အဲ့ ပင်လယ်
နတ်ဘုရားငယ်လေးက အပြစ်တခုလုပ်လိုက်
မိတာ.. လနတ်ဘုရားက စိတ်ဆိုးသွားသတဲ့..ဝမ်းနည်းကြေကွဲခြင်းဆိုတာကို မကြုံဖူးတဲ့
နတ်ဘုရားငယ်လေးအတွက် မျက်ရည်တွေစု
ပြီးမှ ပြန်လာဖို့ မြေပြင်ကိုစေလွှတ်ခြင်းခံခဲ့ရ
တာပေါ့.. "" အဲ့ နတ်ဘုရားငယ်က ကိုကိုလားဟင်.. "
မျက်လုံးလေးတွေဝိုင်းပြီး မေးလာတဲ့မေးခွန်း..
" ဟုတ်တယ်.. Ri..ကိုကိုက ပင်လယ်ပြင်ကို
စောင့်ရှောက်ရတဲ့ နတ်ဘုရားငယ်ပါ "အံ့သြနေတာကတော့ မျက်တောင်လည်း
မခတ်နိုင်၊ ပါးစပ်လည်းမစေ့နိုင်နဲ့.." ကိုကိုက နတ်ဘုရားမို့ ဒီလောက်ချောနေ
တာပေါ့နော်.. . ကိုကိုက ဘာအပြစ်လုပ်လိုက်
လို့လဲ.. "