Guardian
Part 2Seungri is calling...
မနက်စောစောစီးစီး ဖုန်းဆက်လာလို့ ဒေါသ
ထွက်သွားတယ်..~ စိတ်ထိန်း Jiyong.. ပင်လယ်ကိုပြန်ချင်ရင်
စိတ်ထိန်းစမ်း.." Hello..."
" ကိုကို.. Ri.. ပါ.. Good Morning "
" အင်း.. Morning "
" ကိုကို..သိလား.. Ri လေ .. ညက အိမ်မက်
မက်တယ်.. အိမ်မက်ထဲမှာလေ ...
ငွေရောင်ဆံပင်နဲ့ အမြီးအစိမ်းကြီးနဲ့
ရေသူထီးတကောင်ကလေ Ri ကို ပွေ့ထား
ရင်း သူ ငိုနေတာ... "~ ဟင်.. ဘယ်လို.. ဒါ ဘာသဘောလဲ..
" ဆက်...ဆက်ပြောပါဦး "
" Ri.. သေနေလို့ ငိုနေတဲ့ပုံကြီး..သူ ငိုတော့
Ri ပါ အိပ်နေရင်း ငိုမိနေတာ..
ပြီးတော့.. အဲ့ရေသူထီးရဲ့မျက်နှာကလေ ..
ကိုကို.. ကိုကို့မျက်နှာလိုပဲ "~ အဲ့ဒါဆို..သူကတကယ်ပဲ ငါ့ကိုမျက်ရည်ကျ
အောင် လုပ်နိုင်မယ့်သူပေါ့...ဟုတ်ပါ့မလား.. ဒီပြာသလူးစိန်ကလေ...
" Ri အရင်က မင်းအဲ့အိမ်မက် မက်ဖူးလား "
" မမက်ဖူးဘူး.. ကိုကိုနဲ့တွေ့မှ မက်ဖူးတာ..
အာ့ကြောင့် နိးနိုးချင်း... ကိုကို့ဆီ ဖုန်းဆက်
လိုက်တာ "စိတ်တွေလှုပ်ရှားလာတယ်..ဒါ တကယ်ပဲပေါ့
ပင်လယ်ဆီ ပြန်ရတော့မယ်ပေါ့.." Ri.. ကိုယ်နဲ့တွေရအောင် "
ဟိုဘက်ကနေ ရယ်သံလေးကြားလိုက်တယ်
" ကိုကိုက Ri ရဲ့ Bodyguard ပဲလေ.. လာ
ခေါ်မယ်နော်.. ဒီနေ့ သူငယ်ချင်းတွေနဲ့
တောင်တက်ကြမှာ.. "" အင်း.. ဟုတ်ပြီ "
ဖုန်းချသွားပြီးတဲ့အထိ ရင်ခုန်နေတုန်းပဲ..
ဒီနှစ်တွေမှာ ပင်လယ်ဆီ သွားခဲ့ပေမယ့်..
ပင်လယ်ရေနဲ့ထိတာနဲ့ ဒီခြေထောက်တွေက
မီးခဲတွေနင်းလိုက်ရသလို ပူလောင်လာတယ်သူ့ကိုပေးတဲ့ ပြစ်ဒဏ်တွေမကျေမချင်း
ပင်လယ်ဆီ ပြန်လို့ရမှာမဟုတ်ဘူး..ပင်လယ်ပြင်ဆီမှာ စိတ်လွတ်ကိုယ်လွတ်..
ဟိုဟိုဒီဒီ ကူးသွားလိုက်ချင်ခဲ့တာ..
