Guardian
Part 8တံခါးခေါက်သံ ကြားတာနဲ့ Jiyong မြန်မြန်
ခုန်ဆင်းပြီး တံခါးသွားဖွင့်ပေးလိုက်တယ်..အန်တီကြီးနှစ်ယောက် ထမင်းဟင်းပန်းကန်
တွေထည့်တဲ့ ဗန်းနဲ့ ဝင်လာပြီး Ri.. မေမေ
လည်း ပါလာတာပေါ့..ရုတ်တရက်ဆိုတော့ မျက်နှာတွေလည်းပူ..
ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာ.." ဟင်.. Jiyong.. ဘာဖြစ်တာလဲ.. နားရွက်
ဖျားတွေနီနေတာ.. Ri လေး ဆီက အဖျားကူး
တာများလား... "Ri.မေမေ က နဖူးလေးကိုလာစမ်းတယ်...
" ကိုယ်တော့မပူပါဘူး..ဆေးကြိုသောက်ထား
ဦးနော်.. "" ဟုတ်..ဟုတ်ကဲ့.. အန်တီ "
ရင်တွေတုန်ပြီး Ri.. ကို ကြည့်လိုက်တော့..
ခုနကရုပ်နဲ့တခြားစီ..ချက်ချင်းကို နေမကောင်း
ဖြစ်နေတဲ့မျက်နှာ..Ri.. မေမေက သူ့သားနဖူးကိုလည်း စမ်းပြီး..
" Ri..လေး ကိုယ်ပူကျသွားတာပဲ.. မျက်နှာ
လေးတော့ သိပ်မလန်းသေးဘူးပဲ..မေမေ..
ကြက်ပေါင်းရည်လုပ်လာတယ်.."" ကိုကို့ဖို့ရော.."
" သားကိုကိုဖို့ ထမင်းနဲ့ဟင်း ပြင်လာတာပေါ့
တူတူစားမှာမလား..ဒီမှာပြင်လိုက်မယ်လေ."ဗန်းတွေကိုင်လာတဲ့ အန်တီကြီးတွေက ဘေး
မှာရှိတဲ့ စားပွဲခုံမှာ ထမင်း..ဟင်းတွေ စီစဉ်
ပေးနေတော့.." အားနာလိုက်တာ.. အန်တီရယ်..ကျွန်တော်
အောက်ကိုဆင်းစားလို့ရတာပဲကို.. "" ရပါတယ်..သားရယ်.. Ri လေးကိုစောင့်
ရှောက်ပေးနေတာပဲကို..ဒါက ဘာမှအပန်းမ
ကြီးပါဘူး..ဒီလူဆိုးလေးကိုသာ..သားပဲ..
ဂရုစိုက်ပေးတော့.. "" မေမေနော်.. Ri.. က လူဆိုးမဟုတ်ပါဘူး..
Ri.. က လိမ္မာတယ်...ကိုကို့စကားဆိုလည်း..
နားထောင်တယ်..နော့ ကိုကိုရာ.. "စစ်ကူလှမ်းတောင်းနေတဲ့မျက်နှာနဲ့ လာပြီး..
ကြည့်နေပြန်ပြီ.. ဒီကလေးနဲ့တော့.." ဟုတ်တယ်..အန်တီရဲ့..Ri..က ကျွန်တော့
စကားကိုနားထောင်ပါတယ်.. "Ri..မေမေ က မယုံသလိုမျက်နှာနဲ့..
" ဟုတ်လို့လား..ဒီကလေးက ဘယ်သူ့စကား
မှ နားထောင်တာမဟုတ်ဘူး.. "