Guardian
Part 15~ Ri.. မင်းပြောသလိုပါပဲ..ချစ်တဲ့သူမရှိရင်..ဒီ
ပင်လယ်ပြင်ကျယ်ကြီးဟာလည်း အလကားပဲ~ Ri.. မင်းနှုတ်ခမ်းဖူးလေးတွေလောက်..
ကိုကို.. မြတ်နိုးမိတာ.. ဘာမှမရှိပါလား..~ Ri.. အစမရှိ..အဆုံးမရှိတဲ့ ဒီပင်လယ်ပြင်
ကျယ်ကြီးထဲမှာ.. ကိုကိုတယောက်တည်း..~ Ri.. ပင်လယ်နတ်ဘုရားငယ်တပါးက ..
အပြစ်လုပ်လို့ နတ်သက်ကြွေပြီး.. မင်းရင်ခွင်
ဆီ..ရောက်ခဲ့တယ်..~ မင်းကို ချစ်ခဲ့ပြီးမှ..ဆုံးရှုံးရတာက.. ကိုကို့
အတွက်တော့..ပိုကြီးမားတဲ့ပြစ်ဒဏ်ပါ..~ Ri.. ခုနေ..မင်းလက်မောင်းသွေးကို..
ဖောက်ပြီး.. လနတ်ဘုရားဆီမှာ သစ္စာဆိုလို့
ကိုကို့အချစ်..စစ်မှန်ကြောင်း.. သောက်ပြချင်
တာပေါ့..~ Ri.. မင်းနဲ့တူတူနေရဖို့ .. ကိုကို.. ဘာမဆို
စွန့်လွှတ်မှာ..~ Ri.. စိတ်ထဲရှိတဲ့အတိုင်းပြောတတ်တဲ့..မင်း
ရဲ့ ဖြူစင်မှုလေးတွေ.. လွမ်းတယ်..~ ကိုကို.. လွမ်းလှပြီ.. Ri.. ရဲ့
" နတ်ဘုရားငယ်.. ဘာတွေ စဉ်းစားနေတာ
လဲ.. အခမ်းအနားစတော့မယ်လေ.. "မယ်မယ်..လာခေါ်မှ.. အတွေးတွေရပ်သွား
တယ်.." မယ်မယ်ရယ်.. နတ်ဘုရားငယ်လို့ မခေါ်ပါနဲ့
ဆို.. သားကို သားလို့ခေါ်ပါ.."" အေးပါ.. သားရယ်.. Jisoo လေးကိုမြင်
တော့ Dara ကို သတိရလိုက်တယ် "မယ်မယ်က ထုံးစံအတိုင်း မျက်ရည်စို့လာပြန်
ပြီ.." Jisoo က Dara ချန်ခဲ့တဲ့ ကိုယ်ပွားပေါ့..
မယ်မယ်ရယ် "ပင်လယ်ကို ပြန်ရောက်လာတော့..
ရေအောက်နန်းတော်ဆီ အရင်ပြန်တယ်..
သူတို့မျှော်နေတဲ့ နတ်ဘုရားငယ် ပြန်လာတာ
မို့.. ဝမ်းသာအားရ ကြိုဆိုကြတာ...ဒီနတ်ဘုရားငယ်လေး.. ပြန်လာတာ.. နှလုံး
သားတွေ ကြေမွလာမှန်း.. ဘယ်သူမှမသိကြ
ဘူးပေါ့..တော်ဝင်မျိုးနွယ်တွေနဲ့ ရေအောက်ကမ္ဘာတခု
လုံးကို.. Dara ရဲ့ သွေးသားဖြစ်တဲ့ Jisoo က
ကောင်းချီးတွေနဲ့ မွေးဖွားခဲ့တဲ့ တော်ဝင်သွေး
ဖြစ်ကြောင်း အသိပေးလိုက်တယ်..