Part 10

604 40 0
                                    

Guardian
Part 10

" Ri...Ri... "

မေ့လဲသွားတာမို့ ပါးလေးကိုသာသာလေး
ပုတ်ပြီး နိုးလိုက်တယ်..

နိုးလာတာနဲ့ တပြိုင်နက်တည်း...ရင်ခွင်ထဲ
ဇွတ်အတင်းဝင်တိုးလာပြီး..

" ကိုကို..Ri.. ကြောက်တယ်..ခုနက..Ri..ရေ
နစ်ပြီး သေတယ်လို့ထပ်မြင်ပြန်ပြီ..ကိုကို့မျက်
လုံးတွေကလည်း.. နီရဲနေတာ.. "

ပြောရင်းနဲ့ ငိုနေတဲ့ Ri.. ကို ပြန်ဖက်ထား
လိုက်တယ်..

ချွေးစေးတွေတောင် ရွှဲနစ်နေတာပဲ..

" Ri.. ထ..ကုတင်ပေါ်သွားလှဲနေလေနော်..
အရမ်းလန့်သွားတာလား.. "

" ဟုတ်..."

လက်မောင်းလေးကိုတွဲပြီး ထလိုက်လာတယ်

ကုတင်ပေါ်ရောက်တော့..မျက်နှာငယ်လေးနဲ့

" ကိုကို..ခုနက ဘာဖြစ်သွားပြန်တာလဲဟင် "

" ခုနက ပိတ်စပေါ်က ပန်းချီကားကိုမြင်ပြီး..
ကိုကို အရင်ကအကြောင်းတွေသတိရသွား
လို့ပါ "

" သြော်..အဲ့အခန်းထဲကဟာတွေက ဘိုးဘိုး
ကြီးရဲ့ဟာတွေလေ...ဖေဖေ..သိမ်းထားတာ "

~ အဲ့ဒါဆို Ri.. က အဲ့မျိုးနွယ်စုထဲကပေါ့..အဲ့
နေ့က မသေတဲ့သူတွေရှိနေသေးတာလား..

တွေးရင်း စိတ်ရှုပ်လာတယ်..

" ကိုကို..အဆင်ပြေရဲ့လားဟင် "

" အင်း..အဆင်ပြေပါတယ်.. Ri.. ကိုကို့
ကြောင့် အရမ်းကြောက်သွားတယ်မလား..
ကိုကို တောင်းပန်ပါတယ်. .. "

" ရပါတယ်..ကိုကို တမင်သက်သက်လုပ်တာ
မှမဟုတ်ပဲ.. "

" Ri.. အခု ခဏအိပ်လိုက်မလား.. "

" မအိပ်ချင်တော့ဘူး..မနက်ကလည်း အိပ်
ထားတာကို.. "

" အဲ့ဒါဆို..ကိုကို.. ဘာလုပ်ပေးရမလဲဟင် "

" ခဏဖက်ထားပေးပါ့လား.. ကိုကို..ဖက်ထား
ရင် Ri.. အရမ်းသဘောကျတာပဲ.. "

ကလေးလေးလို အပြုံးချိုချိုလေးနဲ့ ပြောလိုက်
တာမို့ ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်မိတယ်..

Ri.. က အဲ့မျိုးနွယ်စုထဲကဆိုရင် ကိုကို့ကိုမုန်း
များသွားမလားပဲ..

Guardian (Completed) U+ZWhere stories live. Discover now