#ZawGyi
Mr.Jeon တစ်ယောက် JungKook ကို ရဲစခန်းထဲက ထုတ်လာရတဲ့အတွက် မကျေမနပ်ဖြစ်နေသည်"မင်းမွေးထားတဲ့သားက တကယ်ဆန်ကုန်မြေလေးပဲ အရမ်းဆိုးတဲ့ကောင် အထက်တန်းနောက်ဆုံးနစ်ဖြေနေတာလဲ ဘယ်နဲ့နှစ်ရှိနေပြီလဲ မသိဘူး တဖြုတ်ဖြုတ်နဲ့ ကျနေတာပဲ "
" သားလေးက အဲ့လောက်မဆိုးပါဘူးရှင် "
" ဘာမဆိုးဘူးလဲ မင်းသားက တစ်နေ့ တစ်နေ့မိဘပိုက်ဆံထိုင်ဖြုန်း အခုလဲဘယ်အချိန်ရှိပြီလဲ ပြန်မလာသေးဘူး ညတောင်တော်တော်နက်နေပြီ "
" ကျွန်မတို့ အရင်အိပ်လိုက်ရအောင် သားကို ChanMin တံခါးဖွင့်ပေးနေကျပဲ"
" အင်း မင်းသားကို ငါလည်း စောင့်မနေနိုင်ပါဘူး ငါက မင်းသားလို့ အလုပ်မရှိတဲ့ ဆန်ကုန်မြေလေး မဟုတ်ဘူး "
"ရှင့်ကတော့သားကို ..."
Mr.Jeon ညအိပ်မပျော်ပါ တစ်ဦးတည်းသော သားလေးရဲ့ ဆိုးသွမ်းမှုတွေကို မိဘအနေနဲ့ ဆိုဆုံးမလို့ မနိုင်တော့ဘူး JungKook ကို လူကောင်းသူကောင်းဖြစ်အောင် လိမ်မာယဉ်ကျေးတဲ့ သားဖြစ်အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေမိသည်
မနက်စား စားနေစဉ် Daddyက
" ဒီနေ့ မင်းလေယာဉ်ကွင်းမှာ လူတစ်ယောက်ကို သွားကြိုရမယ် "
"ကျွန်တော့်ကြိုစရာလို့ လို့လား Driver ရှိနေတာပဲ "
" ဒီအိမ်မှာ Driverက တစ်ယောက်တည်းပဲ ရှိတာလေ ငါကုမ္ပဏီသွားဖို့ Driverလိုတယ် မင်းသွားကြိုရမယ်. "
" Daddyကလဲ အိမ်မှာလူတွေအများကြီးပါ တခြားသူကြိုခိုင်း ကျွန်တော်မကြိုချင်ဘူး သူငယ်ချင်းတွေနဲ့ ချိန်းထားတယ် "
" JeonJungKook !! "
သားအဖနှစ်ယောက်ရဲ့ တင်းမာမှုကြားမှာ Mrs.Jeon ဝင်ပြောမှ ဖြစ်တော့မှာကြောင့် သားလေးကို ချော့ပြီး သွားကြိုခိုင်းရသည်
"စိတ်ရှုပ်ဖို့ကောင်းတာပဲ "
Kook's pov:
Daddy ကျွန်တော်ကို ကြိုခိုင်းတဲ့သူက JeonTaeHyugတဲ့ ကျွန်တော်JeonTaeHyungဟု စာတန်းကိုင်ပြီး လေယာဉ်ကွင်းမှာ စောင့်နေစဉ်