#Unicode
Tae's pov:စာမေးပွဲဖြေပြီးတာနဲ့ ခန္တာကိုယ်က ယိုင်ချင်ပြီး လဲချင်နေသည် HoSeok က ထိန်းထားပေးပြီး ကားပေါ်ထိရောက်အောင် လိုက်ပို ့ပေးသည်
" အစ်ကိုလေး အဆင်ပြေရဲ့လား "
" အင်း HoSeokအိမ်ကိုအရင်လိုက်ပို့ရအောင် "
" ငါအိမ်ကိုအရင်လိုက်မပို့သေးခင် ဆေးခန်းသွားရအောင် Tae "
"ရပါတယ် ငါဘာမှမဖြစ်ပါဘူး "
ကျွန်တော်ကားခုံကိုမှီပြီး မျက်စီမှိတ်လိုက်သည် ကားမောင်းနေတဲ့ JungMin ကို HosSeok က
" Tae ဘာလို ့ဒီလိုဖြစ်တာလဲ "
" ဗျာ အဲ့ဒါက "
" မင်းတို ့သခင်လေးလုပ်တာ မဟုတ်လား ပြောစမ်း မင်းတို့ သခင်လေး Tae ကို ဘယ်လိုနှိပ်စက်ပြန်ပြီလဲ "
JungMin ဘာပြောရမှန်းမသိဖြစ်နေသည်
ကျွန်တော့်မျက်စီကို အားယူဖွင့်ကြည့်လိုက်ပြီး" Min နဲ့မဆိုင်ပါဘူး ငါ့ အပြစ်တွေကြောင့်ပါ "
" မင်းက ဘာအပြစ်လုပ်လို ့လဲ မင်းလောက်စိတ်သဘောထားကောင်းတာ မင်းပဲရှိတာ ပြီးတော့ မင်းလူကို ငါတစ်ခါတစ်လေကျရင် ကြည့်လို့ကိုမရဘူး မင်းအပေါ်ကိုအရမ်းကောင်းတာ မှန်ပေမဲ့ တစ်ခါတစ်ခါကျရင် မင်းကို နှိပ်စက်နေတယ်လို မြင်တယ် "
" Minက ငါကိုမနိမ်စက်ပါဘူး "
"မင်းကတော့ မင်းကောင်ကို ဘယ်တော့မှ အပြစ်မမြင်တဲ့ကောင်ပဲ "
HoSeok ရဲ ့ ပေါက်ပေါက်ဖောက်သံတွေကြားပြီး HoSeokအိမ်ကို ရောက်ခဲ့သည်
JungMin ကိုး
" Mr.Jeonအိမ်ကိုသွားမယ် "
" သခင်လေး နေမကောင်းဘူးလေ ဆေးခန်းအရင်သွားရအောင် "
" ငါပြောတာပဲ နားထောင်ပါ "
" ဒီတစ်ခါတော့ ကျွန်တော့်နားမထောင်ချင်တော့ဘူး သခင်လေးရာ အဲ့ဒီအိမ်ကို မသွားသင့်တော့ဘူး အဲ့ဒီအိမ်ကြောင့် သခင်လေး JiMin နဲ့ သခင်လေး ပြသာနာအမြဲတမ်း
ဖြစ်နေရတာ အဲ့လိုပြသာနာဖြစ်တိုင်း သခင်လေးပဲ အထိနာနေရတာ ကျွန်တော့် မကြည့်ရက်တော့ဘူး "