6

1.5K 200 8
                                    

#Unicode
တူ.. တူ.. တူ

JungKookစာကြည့်တာစောင့်နေတုန်း ဖုန်းလာလို့ ကိုင်လိုက်သည်

" ဟဲလို  Min "

" မင်းဘယ်မှာလဲ. "

" ဟင်!!. "

JiMinအော်သံက အရမ်းကျယ်သွားတာကြောင့် JungKook ကျွန်တော့်ကို မော့ကြည့်နေသည်  ကျွန်တော် ဝရန်တာဘတ်ထွက်လာလိုက်ပြီး

"ငါအခုKorea ပြန်ရောက်ပြီ အိမ်ရောက်ရောက်ခြင်းဘာလို့ Tae ကို မတွေ့ရတာလဲ "

" Minပြန်ရောက်ပြီလား ဖိုးဖိုးက ဘာမှမပြောဘူးလား''

" ဘာပြောရမှာလဲကွာ ကိုယ်ပြန်ရောက်ရောက်ချင်း မင်းမျက်နှာကိုမတွေ့ရတာ ဘယ်လောက် စိတ်တိုဖို့ကောင်းလဲ''

" Min အဲ့ဒါကျွန်တော့်အမှားမဟုတ်ပါဘူး ဖိုးဖိုးစီစဉ်တဲ့အတိုင်း ကျွန်တော့်နေရတာပါ  "

"ဖိုးဖိုးစီစဉ်တာ ဟုတ်လား  ပြီးရော ငါအဖိုးကို အခုချက်ခြင်း ပြောမယ် Tae မနက်ဖြန် အိမ်ကို ချက်ခြင်းပြန်လာပါ "

" Min! ....Min "

JiMin ဖုန်းချသွားသည် Min ကအမြဲတမ်းသူဖြစ်ချင်တာကို မရရအောင် လုပ်သည် ဒီကောင်လေး စာမေးပွဲမပြီးသေးပဲ ကျွန်တော်ဘယ်လို စိတ်ချပြီး အိမ်ပြန်ရမှာလဲ

" Hyung "

" စာမကျက်ပဲနဲ့ ဘာလာလုပ်တာလဲ "

"Hyung ဖုန်းပြောပြီးရင် အထဲဝင်လေ အပြင်မှာအေးတယ်. "

"မအေးပါဘူး JungKook ရဲ့  "

"ဘယ်သူဖုန်းဆက်တာလဲအစ်ကို ့ကောင်လေးလား''

"အင်း "

Hyung ချစ်သူဖုန်းဆက်တာတောင်မျက်နှာဘာလို ့မကောင်းပါလိမ့်.

"Hyung ! .. ကျွန်တော် Hyung ကို အစ်ကိုတစ်ယောက်လို ့အရမ်းချစ်တယ် Daddyကိုလည်း ပြောပြီးပြီ ဒီအိမ်ကအမွေတွေက Hyung နဲ ့လည်း သက်ဆိုင်တယ် Hyung ကိုလည်း ပေးရမယ်လို ့ အဲ့ဒါကြောင့် Hyung မှာ ကျွန်တော်တို ့ မိသာစုရှိတယ် Hyungကို စိတ်ညစ်အောင်လုပ်မဲ့သူကိုအစ်ကိုသည်းခံစရာမလိုဘူး  "

"JungKook  ဆိုလိုတာက  "

"Hyung ချစ်သူက Hyung ကို အော်လိုက်သလားလို့ပါ "

Only YouWhere stories live. Discover now