#Unicode
" အစ်ကိုလေး ဧည့်သည်လာတယ် "အပေါ်ထပ်က ဧည့်ခန်းမှာ JungKook စာလုပ်တာ စောင့်ပေးနေစဉ် ChanMin က ဧည့်သည်လာတယ် ပြောလို ့အောက်ဆင်းကြည့်တော့
" Min "
ကျွန်တော်ဝမ်းသာသွားပြီ Min ရင်ခွင်ထဲ တိုးဝင်ပြီး ဖတ်ထားလိုက်သည်
" ကလေးကျနေတာပဲ သူများအိမ်ကြီးမှာ "
" Min ပြန်မခေါ်တော့ဘူး ထင်နေတာ လွမ်းနေတာ... အရမ်းလွမ်းနေတာ "
Tae ကျွန်တော့်ရင်ခွင်ထဲမှာ မျက်ရည်ကျနေသည်
ကျွန်တော် Tae ကျောလေးကို ပုတ်ပေးလိုက်ပြီး" မငိုပါနဲ့ Tae!. ကိုယ်မှားပါတယ် "
JungKook လည်း စာမလုပ်တော့ပဲ Hyung ရဲ့ဧည့်သည့်ကို ကြည့်ချင်လို့ လိုက်အသွား Hyung ပြုမှုလိုက်တဲ့ အပြူအမှုကို အံသြသွားသည် Hyung က ပုံမှန်ဆို တည်ကြည်ပြတ်သားပြီး အနေတည်ပေမဲ့ အခုကျတော့ သူများရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို နေနေပါလား
" Tae! သူများကြည့်နေတယ် "
Minပြောလို့ ရင်ခွင်ထဲက ခွာပြီး နောက်လှည့်ကြည့်လိုက်တော့ JungKook ဖြစ်နေသည် ဒီကလေးဘာလို ့လိုက်လာပါလိမ့် ရှက်လိုက်တာ
" သူများမဟုတ်ပါဘူး ကျွန်တော့်က Hyungရဲ့ ညီပါ "
" ဟုတ်တယ် Min သူနာမည် JungKook "
" အင်း ကိုယ်မှတ်ထားလိုက်ပါမယ် အခု ကိုယ်က Tae အခန်းကို လိုက်ကြည့်ချင်တယ်. "
ဒီလူက အခုမှ အိမ်ကို ပထမဆုံးလာပြီး ပိုင်စိုးပိုင်နင်း ပါ့လား
" ရမလားဗျ အခုမှ အိမ်ကို ပထမဆုံးလာပြီး ဧည့်သည်က ဧည့်သည်လိုနေလေ "
" သားလေး! ဘယ်လိုပြောလိုက်တာလဲ မင်းအစ်ကိုရဲ့ သူငယ်ချင်းကို "
" ဟုတ်တယ် JungKook အဲ့လိုမပြောပါနဲ့ ...
Min ကျွန်တော့်နဲ့ လိုက်ခဲ့. "" အင်း Tae "
အမေနဲ့ Hyung က ဧည့်သည်ဘက်ပါပြီး ပြောဆိုနေတာကြောင့် Hyung က သူချစ်သူကို အခန်းထဲခေါ်သွားသည် မလွယ်တဲ့ Hyung ပဲ ဒါနဲ့ ဟိုလူခေါ်လိုက်တာ Tae တဲ့လား...
