5

1.5K 214 8
                                    

#Unicode
JungKook ရခဲ့သေတ္တာဖွင့်လိုက်တော့ များပြားလှတဲ့
ကြက်ပေါင်းရည်များကို တွေ့ရသည်

" Mommy!! "

" သားလေး ဘာလိုလို့လဲ  "

"ဒါတွေက   "

" အော်...အဲ့ဒါလား TaeHyungလေး ဝယ်ထားတာ သားလေးအတွက်တဲ့  ကြက်ပေါင်းရည်ကိုလည်း နေ့တိုင်းတိုက်ပေးပါတဲ့ မမေ့ပါနဲ့တဲ့ သားလေး စာမေးပွဲဖြေခါနီး ပင်ပန်းပြီး လဲသွားမှာ ဆိုးလို့တဲ့   "

" Hyung က အရမ်းချစ်ဖို ့ကောင်းတာပဲ Mommy! Hyungရော    "

" ကျောင်းကပြန်လာပြီး ရေချိုးနေမှာပေါ့   "

" ဟုတ်လား!  Mommy ကျွန်တော်လမ်းထိပ်ထွက်အုန်းမယ်   "

" သားလေးအစ်ကိုက အပြင်မသွားနဲ့လို့ ပြောထားတယ်လေ  "

" ခဏလေးပါ  "

Tae pov:

ကျွန်တော့်ရေချိုးပြီး အဝတ်အစားလဲနေတုန်း ကားသံကြားလို့ ပြတင်းပေါက်ကနေ ထွက်အကြည့် JungKook ရဲ့ကားဖြစ်နေသည် ဒီကလေး ကျွန်တော့်စကား နားမထောင်ပြန်ဘူး အပြင်မထွက်ပါနဲ့လို့ အတန်တန်မှာထားရက်နဲ့  

" Hyung ...Hyung    "

Hyung ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်ရင်း ကျွန်တော့်ကို မျက်လုံးစိမ်းကြီးနဲ့ ကြည့်နေသည်

" ငါ့မင်းကို အပြင်မထွက်နဲ့လို့....."

ကျွန်တော့်ပြောနေတုန်း ChanMin က စားစရာဗန်းလက်ထဲက ကိုင်လာပြီး စားပွဲပေါ်မှာလာချပေးသည် Cola နဲ့ ပဲခေါက်ဆွဲနှစ်ပွဲ  ပြီးတော့ ကြက်ကြော်ဗူး စားစရာတွေကြည့်ပြီး ကျွန်တော် တော်တော်စားချင်နေပြီ

"စားချင်လား Hyung   "

" အင်း  "

JungKook  ပြုံးပြီး

" စားရအောင်Hyung  "

ကျွန်တော် ပဲခေါက်ဆွဲစားလိုက် Colaသောက်လိုက်နဲ့ ခေါင်းမဖော်တမ်း စားနေမိသည်

" ကြက်ကြော်လည်းစားလေ Hyung   "

" ညမှစားမယ်  "

" အခုလည်းမှောင်နေပြီပဲကိုး  "

" မင်းစာကျက်တာစောင့်ရင့်နဲ့ စားမှာပေါ့  "

Only YouWhere stories live. Discover now