#Unicode
Mr.Jeon Pov:
ကျွန်တော့်သားလေးက အရမ်းလိမ်မာလာပါပြီ မနက်လည်းအစောကြီးထတက်ပြီး ညလည်းအပြင်မထွက်တော့ပေ နေ့တိုင်းနေ့လည်း TaeHyung စာသင်တာ လက်ခံပြီး ညဆိုလည်း စာကျက်ပြီးမှ အိပ်ပါသည်" သားလေးနိုးလာပြီပဲ. "
Kook မနက်စာစားဖို့ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်
"Hyungရော"
"ကျောင်းသွားပြီလေ "
" Daddy! Hyungကို ဘယ်သူလိုက်ပို့တာလဲ မနက်တိုင်း အမြဲအစောထသွားတယ် ကျွန်တော့် ဘယ်လောက်စောစောထထHyung ကို မမှီဘူး "
" ရှစ်နာရီတောင်ထိုးပြီ အဲ့တာအစောထတာလား မင်းအစ်ကိုက သူ့သူငယ်ချင်းကားနဲ့ အစောကြီးကတည်းက ထွက်သွားပြီ "
"ကျွန်တော့်လိုက်ပို ့ချင်လိုပါဆို "
ကော်ဖီသောက်ပြီး သားလေးထမင်းစားခန်းထဲက ထွက်သွားသည်
"ရှင့်သားတော့ TaeHyungလေး လာမှတော်တော် လိမ်မာသွားတယ် "
" အင်း "
" ရှင့်မျက်နှာမကောင်းပါလား ဘာဖြစ်တာလဲ "
" ဘာမှမဖြစ်ပါဘူး ကိုယ်ကုမ္ပဏီသွားတော့မယ် "
Mr.Jeon ကုမ္ပဏီကို မဝင်ခင် Paradise စံအိမ်က သခင်ကြီးကို အရင်ဝင်တွေ့လိုက်သည်
"သခင်ကြီး ကျန်းမာပါရဲ့လား. "
" အင်း ..ငါ့မြေးလေးရော့အဆင်ပြေရဲ့လား မင်းသားရော လိမ္မာရဲ့လား "
" ဟုတ်ကဲ့ သခင်ကြီး လိမ္မာလာပါတယ် ကျွန်တော်သခင်ကြီးဆီလာတ်ိုင်း သခင်လေးရဲ့အမူအကျင့်ကို ကြည့်ပြီး အရမ်းတော် အရမ်းထက်မြတ်လွန်းတာကြောင့် သဘောကျမိတယ် သခင်လေးက ကျွန်တော့်ထင်တဲ့အတိုင်းပဲ သားလေးကို ဆုံးမနိုင်ခဲ့ပါတယ် အဲ့ဒီအတွက် သခင်ကြီးကို အရမ်းကျေးဇူးတင်ပါတယ် "
" ကျေးဇူးတင်စရာမလိုပါဘူး မင်းကျေးဇူးက ငါဆီမှာ ရှိနေခဲ့တာပဲ ဒီလောက်ကတော့ မပြောပလောက်ပါဘူး "
" မဟုတ်တာ သခင်ကြီး ကျွန်တော် လုပ်သင့်လုပ်ထိုက်လို့ လုပ်ခဲ့တာပါ "