10

1.4K 200 22
                                    

#Unicode
Tae's Pov:
ဒီနေ့ JungKook စာမေးပွဲနောက်ဆုံးရက်ဖြစ်သည် သူ ပြောထားတဲ့အတိုင်း ကျွန်တော့်အိမ်မှာပဲ စောင့်နေလိုက်သည် အန်တီနဲ့ ဦးလေးကတော့ JungKook ကို
ဂုဏ်ပြုပွဲလုပ်ပေးချင်တာနဲ့ ဈေးဝယ်ထွက်ကျသည် နေ့ခင်း ၁၂နာရီထိုးတာနဲ့ စာလုပ်နေတာရပ်ပြီး ကျွန်တော်အောက်ထပ်ကို ဆင်းလာကာ လမ်းလျှောက်ရင် ရင်ခုန်စွာ စောင့်နေလိုက်သည် နေ့တိုင်းနေ့ ဖြေနိုင်တဲ့ ကလေး နောက်ဆုံးနေ့လဲ ဖြေနိုင်မှာပါ

"Hyung "

JungKook ခေါ်သံကြားမှ လှည့်ကြည့်မိတော့
ကျွန်တော့်ဆီ မြန်မြန်လျှောက်လာပြီး ကျွန်တော့်ကိုယ့်ကို မချီကာ

" ဖြေနိုင်တယ် Hyung စာမေးပွဲပြီးသွားပြီ ပျော်လိုက်တာ "

" အင်းပါ Hyung လည်းပျော်ပါတယ် အောက်ချပေးပါတော့ "

ကျွန်တော်Hyungကို အောက်ချပေးလိုက်ပြီး Hyung လက်ကိုကိုင်ကာ

"Hyung ကျွန်တော်ပြောတာ မှတ်မိတယ် မဟုတ်လား

"အင်း...ဘာတောင်းဆိုမှာလဲ ပြောလေ "

Hyung လက်နှစ်ဖတ်လုံးကို ဆုပ်ကိုင်လိုက်သည်

" Hyung ကိုချစ်တယ် "

" Hyung လည်းမင်းကိုချစ်ပါတယ် "

" ဘယ်လိုချစ်တာလဲ ကျွန်တော်တို့က ညီအစ်ကိုတွေမှ
မဟုတ်တာ "

" JungKook! "

Hyung သူ ့လက်ကိုရုန်းနေတာကြောင့် အတင်းဆုပ်ကိုင်လိုက်ပြီး

"ချစ်တယ် အရမ်းချစ်တယ်Hyung ..
.မြတ်မြတ်နိုးနိုးနဲ ့ကိုချစ်တာပါ ကျွန်တော်လိမ္မာပါ့မယ်
Hyung စိတ်တိုင်းကျနေပေးပါမယ် Hyung ကျွန်တော့်အချစ်ကို လက်ခံပြီး ဒီအိမ်မှာပဲ နေပါနော် နော် "

Hyungက ဆုတ်ကိုင်ထားတဲ့ သူလက်ကို အတင်းရုန်းနေသည်

"လွှတ်!!...လွှတ် JungKook မင်းက အဖြစ်အမှန်တွေကို သိထားပြီးပြီပဲ ငါကမင်းကို ညီတစ်ယောက်လို့ပဲ
ချစ်တာ "

ကျွန်တော် Hyungကိုယ်ကို လွှတ်ထွက်သွားမှာ စိုးရိမ်ပြီးဆွဲဖတ်လိုက်သည်

" JungKook မင်းဘာလုပ်တာလဲ လွှတ်ပါ ငါကိုအဲ့လိုမလုပ်ပါနဲ့ င့ါမှာ JiMinရှိတာ မင်းသိရဲ့သားနဲ့. "

Only YouWhere stories live. Discover now