2

2.1K 221 2
                                    

#Unicode

Hyung အိမ်ထဲကထွက်လာတော့ လက်ထဲမှာရေဗုန်းဆွဲလာသည် ကျွန်တော်ကြည့်နေတုန်း ရုတ်တရက် ရေဗုန်းနဲ့ ဗွမ်းကနဲပက်ခြင်း ခံလိုက်ရသည်

" ဟာ Hyung ဘယ်လိုလုပ်လိုက်တာလဲ  "

" မင်းလန်းသွားအောင်လို့လေ ငါကမင်း ခန္ဓာကိုယ် ကိုတွဲပြီး အိပ်ခန်းထဲထိတော့ လိုက်မပို့နိုင်ဘူး  "

" Hyung ကလဲ ကျွန်တော်ဘာသာ သွားနိုင်ပါတယ် ကားတောင်အိမ်ရောက်အောင် မောင်းလာနိုင်သေးတာပဲ  "

"အတွန့်တက်မနေနဲ့တော့ အိမ်ထဲဝင်တော့ ငါအိပ်ချင်ပြီ. "

" Nae"

ကျွန်တော်အိမ်ထဲဝင်တာနဲ ့ Hyung တံခါးတွေပိတ်ပြီး အပေါ်ထပ်  အိပ်ခန်းထဲ ဝင်သွားသည် ကျွန်တော်လဲ အဝတ်အစားလဲပြီး ကုတင်ပေါ်ခေါင်းချတာနဲ့ တန်းအိပ်ပျော်သွားသည်

Mr.Jeon မနက်စာစားဝိုင်းတွင်း သူသားကိုတွေ့လိုက်ရတာနဲ့ အံသြသွားသည်

" မနက်ကို နေဖင်ထိုးအောင် အိပ်တက်တဲ့ကောင်က ဒီနေ့တော့ ထူးထူးဆန်းဆန်းပါလား. "

ကျွန်တော့် Daddy ကို ကော်ဖီထည့်ပေးလိုက်ပြီး

" Daddy ဒီနေ့ ကျွန်တော် Shopping Center မှာ ဈေးသွားဝယ်ချင်လို့  မုန့်ဖိုးထပ်ပေးပါအုန်း Daddy!"

"ထင်တော့ထင်ပါတယ် မင်းမရိုးသားဘူးလို့.  "

"Daddy ကလဲ သားဆိုလို့ ကျွန်တော့်တစ်ယောက်တည်း မွေးထားတာကို ကပ်စီးနှဲနေရတာလား. "

" ဟုတ်သားပဲ ရှင်ကလဲ သားတောင်းသာပေးလိုက်ပါ. "

"ပေးရမှာပေါ့ မပေးလို့မှမရတာ. "

"ဒါနဲ့ တူလေးရော  "

" ကျွန်တော် လာပါပြီဦးလေး အိပ်ရာထနောက်ကျသွားတယ် တောင်းပန်ပါတယ် ဦးလေး . "

" တူလေး မျက်ကွင်းကျနေတာပဲ ညကမအိပ်ဘူးလား "

ChanMin ကိုကြည့်လိုက်တော့ သူ ့ပုံစံက ကြောက်နေတဲ့ပုံစံ ပေါက်နေသည် 

" စာဖတ်တာနောက်ကျသွားလို့ပါ ဦးလေး "

Hyung  ကော်ဖီသောက်ရင်း

Only YouWhere stories live. Discover now