#Unicode
Tae's Povကျွန်တော့်မနက်စောစောထပြီး JiMin တွက်မနက်စာ ပြင်ပေးလိုက်သည်
" Taeဘာတွေလုပ်နေတာလဲ "
"Min နိုးလာပြီပဲ Min ကြိုက်တက်တဲ့ ပင်လယ်စာခေါက်ဆွဲ ချက်ထားတယ် "
" ဒီအိမ်မှာ အလုပ်သမားတွေအများကြီးပဲ Tae လုပ်စရာမလိုပါဘူး "
" Tae ကိုယ်တိုင်လုပ်ပေးပြီး Minကိုစားစေချင်လို့ပါ "
Min ထိုင်ပြီး ခေါက်ဆွဲနေသည် ကျွန်တော် Min အတွက်ကော်ဖီကို ကိုယ်တိုင်ဖျော်ပြီး ပေးလိုက်သည်
" မျက်နှာမကောင်းဘူးTae နေမကောင်းဘူးမဟုတ်လား ကုမ္ပဏီမလိုက်တော့နဲ့ "
" ဒီနေ့တော့လိုက်ပါရစေ ပြီးတော့ ကျောင်းဖွင့်ရင် ကျောင်းမှာ Tutor ဝင်ခွင့်ရပြီMin ...Taeေလဆရာအဖြစ် တာဝန်ထမ်းဆောင် ရတော့မယ် "
" Tae ဝါသာနာပါတာကို ကိုယ်မတားပါဘူး
အရင်ကအသည်းအသန်တားနေတဲ့ Min က အခုမတားတော့ဘူးတဲ့ Min စိတ်ပြောင်းလဲလာပြီလား
"စားလေ ဘာဖြစ်လို့လဲ "
ကျွန်တော်အစာမစားချင်တော့ပဲ အန်ချင်တာကြောင့် ဘေစင်ဆီပြေးပြီး သွားအန်လိုက်သည် Min နောက်ကလိုက်လာပြီး ကျွန်တော်ခန္တာကိုယ့်ကို ပွေ့ပြီး
"ဆရာဝန်မြန်မြန်ခေါ်ကျစမ်း "
" ဟုတ်ကဲ့ သခင်လေး. "
Min ကျွန်တော့်ကို ကုတင်ပေါ်မှာလှဲစေပြီး ကိုကိုလက်နဲ့ ကျွန်တော့်နဖူးကို စမ်းနေသည် Min မျက်လုံးကို ကြည့်တော့ ကျွန်တော့်ကို စိတ်ပူတဲ့အကြည့်နဲ့ ကြည့်နေသည် တစ်ခါမှ
ဒီလိုမျက်လုံးမျိုးနဲ့ မကြည့်ဖူးဘူး"သခင်လေး ဆရာဝန်လာပြီ. "
" မြန်မြန်လေး ဆေးကုပေးပါ Tae ဘာဖြစ်နေလဲ မသိဘူး "
မိသားစုဆရာဝန် ကျွန်တော့်ကို စမ်းသပ်ပေးပြီး
" အားနည်းနေတာပါ ဗိုက်လည်းသိပ်မကောင်းဘူး အစားအစာဆို အရည်လောက်ပဲ တိုက်ကျွေးပေးပါ အခုဆေးသွင်းရမယ် "
" ဟုတ်ကဲ့ ဒေါက်တာ "
ဒေါက်တာဆေးချိတ်ပေးပြီး ပြန်သွားသည် Min က ကျွန်တော့်လက်ကို ကိုင်ထားပေးသည်
