#Unicode
ကျွန်တော်အိမ်ရောက်ရောက်ချင်း အန်တီက" သား ကျောင်းပိတ်ရက်ကို ဘယ်သွားနေတာလဲ အန်တီဖုန်းဆက်တော့လဲ ဖုန်းမကိုင်ဘူး. "
"ဘာဖြစ်လို့လဲ အန်တီ "
" သားညီလေးပေါ့ ဖျားနေတယ် ဖျားနေတဲ့ကြားက သားကိုမတွေ့တော့ ဆေးထိုးဖိုတောင် တော်တော်ပြောယူရတယ် "
"အခုရော အခြေအနေဘယ်လိုလဲ ဆရာဝန်ခေါ်ပြီးပြီလား ဆရာဝန်က ဘာပြောလဲ အန်တီ "
TaeHyung ရဲ ့တရစပ်မေးမှုကြောင့် ကျွန်မရေးကြီးခွင်ကျယ် ပြောမိသွားတာလား တူလေးအရမ်းစိတ်ပူသွားတာပဲ
" ဆရာဝန်ကဆေးထိုးပြီးပါပြီ ဒါပေမဲ့ မအိပ်ပဲသားကိုပဲမေးနေတာ အခုအန်တီဆန်ပြုတ်သွားတိုက်မလို ့"
" ကျွန်တော့်ကိုပေးပါအန်တီ ကျွန်တော့်တိုက်လိုက်ပါမယ်'
" အဲ့ဒါဆို အားကိုးပါတယ် သားရယ် သားကိုတွေ့ရင် သားညီလေး ပျော်သွားမှာ. "
" ဟုတ်ကဲ့ "
ကျွန်တော့်ဆန်ပြူတ်ပန်းကန်ကိုယူပြီး JungKook အခန်းကိုဝင်လာလိုက်သည် ကုတင်ပေါ်မှာ လှဲနေတဲ့ JungKook က မျက်စီမှတ်ထားသည် ကျွန်တော့် ကုတင်နားက ထိုင်ခုံမှာထိုင်ပြီး နဖူးကိုစမ်းလိုက်သည်
"Hyung "
JungKook မျက်စီဖွင့်လာပြီး ကျွန်တော့်ကို ကြည့်နေသည်
" မနေ့ညက အအေးပတ်သွားတယ်ထင်တယ် စားမေးပွဲဲနီးတော့ မင်းကို ဖျားမှာအရမ်းစိုးရိမ် ခဲ့တာ အခုစိုးရိမ်သလိုဖြစ်နေပြီ ဒါတောင်မင်းက ဘာလို့အန်တီစကားနားမထောင်တာလဲ. "
"Hyung ဘယ်သွားတာလဲ Hyung ချစ်သူကိုသွားတွေ့တာလား "
" အင်း "
" အဲ့ဒါဆို ဘာလို ့အစောကြီးပြန်လာတာလဲ. "
"Hyungပြန်လာလို ့ပေါ့ ပြန်မလာရင် မင်းဘယ်လောက်ထိ ဂျစ်ကန်ပြီး ဆိုးနေအုန်းမှာလဲ "
ဟုတ်တယ် Hyung ကျွန်တော့် Hyung မရှိရင် မနေတက်တော့ဘူး Hyungစေတနာ မေတ္တာတွေကြောင့် ကျွန်တော် Hyungကို အရမ်းချစ်နေမိပြီ.
"ဆန်ပြူတ်သောက်ရအောင်..ထူပေးမယ် "
Hyung ကျွန်တော့်ကို ထူပေးပြီး ခေါင်းအုံးကို ကျောက်နောက်မှာထားပြီး မှီခိုင်းသည် ပြီးတော့ ဆန်ပြုတ်ကို ဂရုတစိုက်မှုတ်ပြီး ကျွေးနေသည် ဆန်ပြုတ်မကြိုက်တဲ့ ကျွန်တော့်က Hyung တိုက်တဲ့ ဆန်ပြုတ်သောက်ရတာ အရသာရှိနသလိုလို ဖြစ်နေသည်