9

1.3K 172 7
                                    

#Unicode
JungKook  မနက်စာစားဖို့အောက်ထပ်ဆင်းအလာ ထမင်းစားခန်းထဲက Daddy နဲ့ Mommy စကားပြောသံကြားလို့မဝင်သေးပဲ နံရံကွယ်မှာ နားထောင်နေလိုက်သည်

" TaeHyungက ရှင့်တူလေးမဟုတ်ဘူး ဟုတ်လား အဲ့ဒါဆို ဘယ်သူလဲ  "

"DNA ကုမ္ပဏီလုပ်ငန်းစုက သခင်လေးပဲ. "

" အဲ့ဒါဆို ဒီအိမ်ကို...."

" သားလေးကြောင့် သားလေး လိမ်မာအောင်
ကိုယ်ခေါ်လိုက်တာပါ  "

" သားလေးက သူအစ်ကိုမှတ်ပြီး ချစ်နေတာ အခုဘာမှမတော်ဘူးဆိုတော့ သားလေးနဲ ့ဘယ်လို .."

" မင်း လျှောက်မတွေးပါနဲ့ သားလေးကောင်းဖို့ ငါစီစဉ်ပေးတာပါ မင်းကလဲ သားလေးကို အလိုလိုက်ထားတော့ ဆုံးမလို့မရဘူး မဟုတ်လား ငါ့ကလည်း အလုပ်တစ်ဖတ်နဲ့ သားလေးကို မဆုံးမဖြစ်ဘူး သားလေးလိမ်မာဖို ့သားလေးဘဝတိုးတက်ဖို ့ ငါ့က သခင်လေးကို ဒီအိမ်မှာနေဖို့ တောင်းဆိုထားတာ အခုတော့ သခင်လေးနဲ့ စေ့စပ်ဖို ့ DNAကုမ္ပဏီကသခင်လေး JiMin ပြန်လာပြီ သားလေးစားမေးပွဲ ပြီးတာနဲ့ သခင်လေးကို ပြန်လွှတ်ရမယ် အဲ့ဒါမင်းသိထားဖို့ ပြောထားတာ "

" ဟုတ်ကဲ့ ကျွန်မသိပါပြီ ကျွန်မသားလေးက သူအစ်ကို့ကိုအရမ်းချစ်တာ အဲ့ဒါကျွန်မအသိဆုံး သူအစ်ကိုပြန်သွားရင် သားလေးက...."

" ဘယ်တက်နိုင်မလဲ ဧည့်သည်က အချိန်တန်ရင် အိမ်ပြန်ရမှာပဲ ဧည့်သည်မပြန်ဖို့ဆိုတာ ငါတို့အိမ်က ဧည့်သည်အတွက် ဧည့်ဝတ်ကျေဖို ့ကြီးကျယ်ခန်းနားတဲ့ အိမ်မှမဟုတ်တာ  "

JungJook's pov:
Daddyစကားကို နားထောင်ပြီး ထမင်းစားခန်းထဲ မဝင်တော့ပဲ အိမ်ပေါ်ပြန်တက်ခဲ့သည် ကျောင်းသွားပြီ ဖြစ်တဲ့ Hyung ရဲ့အခန်းလွှတ်ထဲ ဝင်ထိုင်နေမိသည်

Taeကျောင်းဆင်းဆင်းခြင်း HoSeok နဲ့အတူ  အိမ်ကကားဆီကိုသွားဖို့အပြင် ရုတ်တရက် နောက်ကလှမ်းခေါ်သံကြောင့် ခြေထောက်က မလှမ်းတော့ပဲ ရပ်မိသွားသည်

" Hyung!  "

JungKook ခေါ်သံကြောင့် ကားပေါ်မှာထိုင်နေတဲ့ Jun ကို မျက်နှာရိပ်ပြပြီး ပြန်ခိုင်းလိုက်သည်

Only YouWhere stories live. Discover now