#Unicode
Tae ကျောင်းကပြန်လာတော့ ကားကို လမ်းထိပ်မှာပဲ ရပ်ခိုင်းလိုက်သည်" အဲ့မှာကားရပ်လိုက် "
" ဘာဖြစ်လို့လဲ သခင်လေး အိမ်ထိလိုက်ပို့ပါမယ် "
" ရတယ် မလိုက်ပို့နဲ့ ငါ့ဘာသာ လမ်းလျှောက်သွားလိုက်မယ် မနက်ဖြန်ကျရင်လဲ ဒီနားမှာပဲ စောင့်နေငါလာခဲ့မယ်. "
ကျွန်တော်ကားပေါ်ကဆင်းလိုက်သည် Jun ကျွန်တော်နောက်လိုက်ပြီး
" သခင်လေး အဲ့အိမ်မှာနေရတာ အဆင်ရောပြေရဲ့လား မျက်နှာက မလန်းဘူး "
ကျွန်တော် Jun စိတ်ပူမှာဆိုးလို့ပြုံးပြလိုက်ပြီး
" အဆင်ပြေပါတယ် ငါကိုစိတ်မပူပါနဲ့ ငါသွားတော့မယ် မင်းလည်းပြန်တော့ "
"ဟုတ်ကဲ့ သခင်လေး "
ကျွန်တော်အိမ်ပြန်ရောက်တော့ ခြံထဲကတောင် သီချင်းဆိုသံကို ကြားနေရသည်် တော်တော် ဆူညံနေတဲ့အသံတွေကြောင့် အိမ်ထဲဝင်ကြည့်တော့ JungKook နဲ့ သူသူငယ်ချင်းများ ကာရာအိုကေဆို နေကျခြင်းဖြစ်သည် ကျွန်တော် ချက်ခြင်းပဲ TVကို သွားပိတ်လိုက်သည်
"Hyung...အစ်ကိုပြန်လာပြီလား "
" အင်း "
SooBin
" မင်းအစ်ကိုက ဘာလုပ်တာလဲကွာ ငါတို့သီချင်းဆိုနေတာကိုး "
ကျွန်တော်စားပွဲပေါ်မှာကြည့်လိုက်တော့ အရက်ပုလင်းနဲ့ အမြည်းများ
"ဒါကာရာအိုကေဆိုင်မဟုတ်ဘူး "
" သိပါတယ်Hyung အခုချိန်ကစပြီး ကျွန်တော်အပြင်မထွက်တော့ဘူး ညနက်ထိလည်း မနေတော့ဘူး ဒါပေမဲ့ အိမ်မှာတော့ နေချင်သလိုနေခွင့်ပြုပါ "
" ဘာ!..... မင်း!! "
"ဟုတ်တယ်....JungKookအမေကတောင်ဘာမှမပြောဘူး Hyung က အေးဆေးသွားနေစမ်းပါ "
သူ ့သူငယ်ချင်း YeonJun ကပါ ကျွန်တော်ကို ပမာမခန့် ဆက်ဆံနေသည် သူတို့ကို ကျွန်တော်အရှုံးပေးပြီး ထွက်သွားလို ့မဖြစ်ဘူး
" မင်းတို့အားလုံး အထက်တန်းအောင်ပြီလား မအောင်သေးဘူး မဟုတ်လား ဒီလောက်လူငယ်တွေက ကိုယ့်တက်လမ်းအတွက် ဘဝကို ကြိုးစားနေတဲ့အချိန်မှာ မင်းတို့က မင်းတို့ဘဝကို နစ်မွန်းခံနေကျတာပဲ "