ChanMin ခြံတံခါးကို ဖွင့်လိုက်ရင်း အပြင်ပတ်ဝန်းကျင်ကို ကြည့်နေစဉ် ခြံရှေ့မှာ ခွေခွေလေးထိုင်ပြီး အိပ်နေတဲ့ အစ်ကိုလေး Tae ကိုတွေ့သည်
" အစ်ကိုလေး!.. အစ်ကိုလေး!!! "
အစ်ကိုလေး ခန္တာကိုယ်က အေးစက်နေသည် အစ်ကိုလေးကို ပွေ့ချီပြီး အိမ်ထဲ မြန်မြန်ဝင်လာလိုက်သည်
" အန်တီ!...ဦးလေး! "
Mrs.Jeon ထမင်စားခန်းထဲကထွက်လာပြီး ChanMin လက်ထဲက Taeကိုတွေ့ပြီး လန့်သွားသည်
"Yebo ရေ လာပါအုန်း "
Mr.Jeon နဲ့ JungKook ပါထွက်လာပြီး Tae ကို တွေ့တော့ လန့်သွားသည်
" Hyung.... "
ညဝတ်စုံနဲ့ မေ့နေတဲ့ Hyung ကိုတွေ့ပြီး ရင်ထဲနာကျင်သွားသည် ChanMin ဆီကနေ Hyung ကို ပွေ့ချီလိုက်ပြီး အရင်Hyung နေတဲ့ အခန်းထဲခေါ်သွားပြီး ကုတင်ပေါ်မှာ လှဲစေလိုက်သည်
" Daddy ဆရာဝန်ကို မြန်မြန်ခေါ်ပေးလေ "
" သားMommy ဖုန်းဆက်နေပါတယ်... ဒါဘယ်လိုဖြစ်တာလဲ "
" ဘယ်လိုဖြစ်လဲ ကျွန်တော်မသိဘူး Daddy အခုHyung ပုံစံကိုတွေ့ပြီး ကျွန်တော့်ဆုံးဖြတ်လိုက်တာက Hyung အဲ့အိမ်ကို ပြန်မသွားရတော့ဘူး ကျွန်တော့် Hyung ကို လက်ထပ်ချင်တယ် Daddy "
" သား!! မင်းဘယ်လိုပြောလိုက်တာလဲ "
" ဘာလဲ Daddy ...Hyungက ParkJiMin နဲ့ စေ့စပ်မဲလူလို့ထပ်ပြောအုန်းမလိုလား အဲ့လူက Hyung ကို မချစ်ပါဘူး ချစ်ရင် ဒီလိုမျိုး လုပ်မှာမဟုတ်ဘူး "
TaeHyung လိုထက်မြတ်ပြီး လိမ်မာယဉ်ကျေးတဲ့သူကို ကျွန်တော်သားမက်မတော်နိုင်စရာအကြောင်းမရှိပါဘူး ဒါပေမဲ့ TaeHyung က သခင်လေး JiMin ကိုပစ်ပြီး သားလေးကို လက်ခံနိုင်ပါ့မလား
" ဆရာဝန်လာပြီ သားလေး ဘေးဖယ်ပေးလိုက်အုန်း "
ကျွန်တော် ကုတင်ပေါ်ကထပေးလိုက်သည် ဆရာဝန်က Hyung ကိုစမ်းသပ်ပေးပြီး အဖျားရှိလို့ဆေးထိုးပေးသွားသည်
" Daddy ကုမ္ပဏီသွားတော့လေ ကျွန်တော်ပဲ Hyungနားမှာစောင့်လိုက်မယ် "
" ကုမ္ပဏီခွဲကို သားမလာဖြစ်တော့ကြောင့် Daddyဖုန်းဆက်လိုက်မယ်နော် "
