11

1.5K 220 32
                                    

#Unicode
Kook's Pov:
ကျွန်တော်ညက အမူးလွန်ပြီး အိပ်ပျော်သွားတယ် မနက်မိုးလင်းတော့ Hyung အခန်းထဲကို ပြေးကြည့်တော့ ဟာလာဟင်းလင်းအခန်းပြင်ကို သာတွေ့ရသည် Hyung နဲ့ပတ်သတ်တဲ့ ပစ္စည်းဘာတစ်ခုမှ မရှိတော့ဘူး

" Mommy!....Mommy!!  "

သားလေးအော်ခေါ်သံကြောင့်  မီးဖိုချောင်ကနေ ထွက်လာလိုက်သည်

" ဘာဖြစ်လို့လဲ သားလေး "

" Hyungရော Hyung ဘယ်သွားတာလဲ  "

" ပြန်သွားပြီ သားလေး သားအကုန်အဖြစ်အမှန်သိထားပြီးပြီပဲ သားလေးအစ်ကိုက သူမိသားစု သူအသိုင်းအဝိုင်းဆီပြန်သွားပြီ  "

JK Mom's pov:သားလေး မျက်ရည်ကျလာသည် သားလေးက ငယ်ငယ်ကတည်းက သားလေးမှားလို့ ဆူခဲ့ရင်တောင် မျက်ရည်မကျတက်သလို ထိခို်က်နာကျင်ရင်တောင်  မျက်ရည်တစ်စက်မကျခဲ့ဘူး အခု TaeHyungလေးကြောင့် မျက်ရည်ကျရင်း အပေါ်ထပ်ပြန်တက်သွားသည်

ကျောင်းရောက်တာတောင် ကားပေါ်ကမဆင်းပဲ ငေးနေတဲ့ TaeHyungကို JungMin သတိပေးလိုက်သည်

" သခင်လေး ကျောင်းရောက်ပြီ...သခင်လေး!!   "

"အော်...အင်း "

" သခင်လေး ဒီနေ့စာမေးပွဲဖြေရမှာ မဟုတ်လား ဘာလို့မလန်းဆန်းရတာလဲ  "

" အင်း JungMin  ငါဖြေနိုင်အောင် ကြိုးစားခဲ့ပါမယ်  "

" သခင်လေးကို ကျွန်တော်ယုံပြီးသားပါ သခင်လေးကစာတော်တာပဲ ဒီနှစ်ပြီးရင် ကျောင်းပြီးပြီ မဟုတ်လား သခင်လေး  "

" အင်း "

" အဲ့ဒါဆို သခင်လေးJiMin နဲ့ လက်ထပ်ရတော့မှာပေါ့ ''

" ဖိုးဖိုးက လက်တော့ထပ်ခိုင်းသေးမှာ မဟုတ်ဘူး  စေ့စပ်ဖို့တောင် အချိန်ဆွဲနေတာပဲ ကြည့်တော့ ငါအခုဆင်းတော့မယ် မင်းငါ့ကိုစောင့်မနေနဲ့ Minနေမကောင်းဘူး Min အတွက် စွပ်ပြုတ်ဝယ်သွားအုန်း "

"ဟုတ်ကဲ့ သခင်လေး  "

ကျွန်တော်စားမေးပွဲဖြေပြီး ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့  JungKook ဖြစ်နေသည်

"ဖုန်းမကိုင်ဘူးလား   "

" အင်း  "

" ဘယ်သူဆက်တာမို ့လိုမကိုင်တာလဲ  "

Only YouWhere stories live. Discover now