ep-5

6.6K 424 25
                                    

Zawgyi
Zawgyi

ထိုနေ့က ခွန်းနှင့်တွြေ့ပီးနောက်ပိုင်း သူ့အာရုံထဲ ခွန်းပုံရိပ်တွေက ကြီးစိုးကာ အယောင်ယောင်အမှားမှား။ ကြာတော့ သူ့ကိုယ်သူလည်း ထူးဆန်းနေတယ်လို့ တွေးမိလာတယ်။ ဒါပေမဲ့ ဒီထက်မပိုခဲ့ပါ။ တခါတရံ တချို့သောအရာတွေက ဥပေက္ခာပြုလိုက်မှ အေးချမ်းသွားတတ်သည်။
ခွန်းနဲ့ပတ်သတ်တဲ့ ကိစ္စတိုင်းဟာလည်း တွေးမိရင် တွေးမိသလောက် အဖြေမထွက်ပဲ စိတ်ရှုပ်လာတတ်တယ်။

ခွန်း ခင်ဗျားဟာလေ ဥပေက္ခာတရားနဲ့ပဲ ထိုက်တန်တဲ့သူများလား.....

ဘယ်လောက်အလုပ်များများ ညတိုင်း ဖုန်းဆက်ပြီး good nightပြောပြီးမှ အိပ်တဲ့သူ ခွန်း။ ခုဆို ခွန်းဆီက goodnight ပြောသံမကြားရရင် အိပ်မရတော့တဲ့အထိ။ ဒါကို ဘာကြောင့်လဲလို့ အဖြေရှာကြည့်မိတာလည်း အကြိမ်ကြိမ်အခါခါ။ တကယ်တော့ အဖြေဟာရှိနေခဲ့ပြီးသားလားတောင် မပြောတတ်ခဲ့ပါ။ သူကိုယ်တိုင် အဖြေကို လက်မခံချင်တာလားလည်း သူမသိ။ သေချာတာတော့ ခွန်း ဆိုတာ သူ့အတွက် အဖြေမဲ့တဲ့ ပုစ္စာတစ်ခု။

Ring......ring........

စားပွဲပေါ်တင်ထားတဲ့ ဖုန်းလေးက ထမြည်လာသည်။ အချိန်ကိုကြည့်မိတော့ ညဆယ်နာရီ။ ဒီချိန်ဟာ ခွန်း သူ့ဆီ ညတိုင်းဖုန်းဆက်နေကျအချိန်.....သူပြုံးလိုက်မိသည်။ သတိရနေတဲ့အချိန် ဖုန်းဆက်လာတော့ ကျေနပ်သည်ဆိုတာထက် ပို၏။

"ဟဲလို....."

"ချာတိတ် ဘာလုပ်နေလဲ..."

သူပြုံးလိုက်မိတယ်။မပြောင်းလဲသေးပါလား... ဖုန်းဆက်တိုင်းမေးနေကျ ဝါကျလေးတစ်ကြောင်း။

"ဘာမှမလုပ်ဘူး ။ စာအုပ်ဖတ်မလား စဉ်းစားနေတာ ...အိပ်မပျော်သေးလို့..."

"ကိုယ်ချော့သိပ်ရမလား....အဟင်း..."

"ချော့သိပ်ရအောင် ကျွန်တော်က ကလေးလား...."

မမြင်နိုင်မှန်းသိပေမဲ့ မျက်စောင်းထိုးကာဂျိုကြည့်ကြည့်မိလိုက်သေး။

"ကလေးပဲလေ... အကို့ထက် ၅နှစ်တောင်ငယ်တာ ကလေးပေါ့ကွာ..."

"ခွန်း ကျွန်တော်ကလေးမဟုတ်ဘူး။ ကလေးလိုဆက်ဆံရင် မခေါ်တော့ဘူးနော် "

အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ