Zawgyi
သစ်ခွရုံလေးရဲ့အပြင်ဘက် အကွယ်တနေရာမှာတော့ ခွန်းသည် ငြိမ်သက်စွာရပ်တန့်လျှက်။ ကလေးငယ်နှင့် မေပြောသမျှစကားတွေအား မရည်ရွယ်ပါဘဲ နားထောင်မိလျက်သား ဖြစ်သွားခဲ့၏။
အတန်ကြာငိုင်တွေနေခဲ့ပြီးမှ ပျက်ယွင်းနေသော မျက်နှာအားပြုပြင်လိုက်ရင်း သစ်ခွရုံအတွင်းသို့ လှမ်းကာဝင်လိုက်သည်။"မေတို့က ဒီရောက်နေတာလား... လိုက်ရှာနေခဲ့တာ ကျွန်တော်က"
"အော် သား... လာလေ"
"ထမင်းပွဲပြင်ပြီးပြီမေမေ... သွားကြရအောင်"
"အင်း သွားကြတာပေါ့"
ပြောရင်း ထွက်သွားသည့်မေ့ကျောပြင်အား ငေးကြည့်နေတဲ့ ကလေးငယ်၏လက်ကိုဆွဲကာ အိမ်ထဲသို့ဝင်ခဲ့တော့သည်။
>>>>><<<<<
ဖွယ်ဖွယ်ရာရာထမင်းဝိုင်းလေးက စားချင်စဖွယ်ကောင်းလှသည်။ သူကြိုက်တဲ့ဟင်းခွက်တွေပဲ တွေ့ရတာမို့ သဘောတကျပြုံးမိသေးတယ်။
အန်တီဆွေကထည့်ပေးလိုက်၊ ခွန်းကထည့်ပေးလိုက်နဲ့ သူ့ထမင်းပန်းကန်ထဲတွင်လည်း ထမင်းပျောက်ကာ ဟင်းတွေပုံနေလေတော့သည်။ ထမင်းစားပြီးတော့ အချိုပွဲဟုဆိုကာ သစ်သီးမျိုးစုံကလည်း တပုံတပင်။"သားငယ်လေး လွတ်လွတ်လပ်လပ်နေနော်။ မေ အထည်လေးတွေကြည့်ပေးစရာရှိနေလို့..."
"ဟုတ်ကဲ့ မေ လုပ်စရာရှိတာလုပ်ပါ။ ကျွန်တော်အဆင်ပြေပါတယ်"
"ခွန်း သားအခန်းထဲလိုက်ပြလိုက်ပါလား... သားငယ်မရောက်ဖူးဘူးမို့လား"
"သွားကြမလား အကို့အခန်းကို"
သူ့အဖြေတောင်မစောင့်ဘဲ ခွန်းသည် သူ့လက်ကိုဆွဲကာ အပေါ်ထပ်သို့ဆွဲခေါ်လာခဲ့သည်။ တော်တော်စိတ်လောတဲ့ ခွန်းပါလား.....
ခွန်းအခန်းသည် သူ့အခန်းနဲ့မတူပေ။ သပ်ရပ်သည်။ သန့်ရှင်းသည်။ နံရံတွေကိုဆေးအဖြူရောင်သုတ်ထားပြီး အိပ်ယာခင်း၊ခေါင်းအုံး၊ဖက်လုံးနှင့်စောင်ပါမကျန် အဖြူရောင်တွေသုံးကာ ကြမ်းပြင်ကိုတော့ ကတ္တီပါမွေးပွအခင်းအနီရောင်တောက်တောက်ကို သုံးကာအလှဆင်ထားသည်။ ပြောရရင် အခန်းထဲဝင်ပြီးတာနှင့် ပြန်မထွက်ချင်လောက်အောင် ဆွဲဆောင်နိုင်လွန်း၏။
ESTÁS LEYENDO
အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)
Romance[Zawgyi] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး..... [Unicode] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး.....