ep.12

5.8K 436 31
                                    

Zawgyi

မိုးလင်းကတည်းက ထိုင်မရထမရနှင့် စိတ်လှုပ်ရှားကာ ရင်တွေခုန်နေလေသည်။
ဘာမှထည့်မတွက်ဘဲ နှလုံးသားခံစားချက်နောက် လိုက်ပါစီးမျောလိုက်တဲ့အခါ လေဟာနယ်မှာ မျောလွင့်နေသလို စိတ်တွေလွတ်လပ်ပေါ့ပါးလှသည်။ ခွန်းတော့ ဘယ်လိုနေမလဲမသိပေမဲ့ ကျွန်တော်ကတော့ ဆယ်ကျော်သက် မနူးမနပ်အရွယ်လေးလို ရင်တွေခုန်လှပါသည်။

အသူရိန်နေမင်းကြီးသည် အားမတန်လို့ မာန်လျော့လိုက်ရပုံနှင့် အနောက်ဖက်မိုးကုတ်စက်ဝန်းဆီသို့ တဖြည်းဖြည်းဖြင့် ဆုတ်ခွာနေ၏။ ညနေခင်း၏ နေရောင်ခြည်သည်လည်း အားနည်းလာလေသည်။ ကန်ရေပြင်ကို ဖြတ်သန်း၍ တိုက်ခတ်လာသော လေနုအေးများကလည်း ရင်ကိုအေးမြစေသည်။

နှစ်ဦးသား ခုံတန်းလေးပေါ်ထိုင်ကာ ဘာစကားမှ မပြောဖြစ်ကြဘဲ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေမိရင်း...
ခွန်းဘက်က စတင်ကာ...

"နေကောင်းရဲ့လား...ပိန်သွားလိုက်တာ..."

ထိုစကားကိုကြားတော့ ကျွန်တော်လှစ်ခနဲပြုံးမိသွားသည်။ မတွေ့ဖြစ်ကြတဲ့ရက်တွေမှာ ခွန်းရောကျွန်တော်ပါ အနည်းငယ် ပိန်သွားကြတာတော့ အမှန်ပေ။

"ခွန်းရော ဘာထူးလို့လဲ... "

နှစ်ဦးသား တိုင်ပင်မထားပါဘဲ ရယ်လိုက်မိကြသည်။

"ကျွန်တော်လေ ခွန်းပြောတာကို တကယ်အလေးအနက်စဉ်းစားကြည့်ခဲ့တယ်။ အမှန်အတိုင်းပြောရရင် ခွန်းကျွန်တော့်ကိုချစ်တယ် ဆိုတာ မယုံကြည်ရဲခဲ့သလို ကျွန်တော့်ခံစားချက်တွေကိုလည်း ကိုယ်တိုင်အသိအမှတ်မပြုရဲခဲ့ဘူး။ ကျွန်တော်တို့က ယောကျာင်္းလေးတွေလေ။ ကျွန်တော် ဒါကိုလက်ခံလိုက်တာနဲ့ နှစ်ယောက်လုံးကို ပတ်ဝန်းကျင်က မေးငေါ့ကြမှာကို တွေးကြောက်ခဲ့တယ်ထင်ပါရဲ့"

"အကို ပြောဖူးတယ်လေ ချာတိတ်။ ပတ်ဝန်းကျင်ဆိုတာကို ထည့်တွက်နေသ၍ ဘာမှအဆင်ပြေမှာမဟုတ်ဘူးဆိုတာ"

"ခဏ ခွန်း။ ကျွန်တော်ပြောတာ အရင်နားထောင်ပါဦး"

စိတ်လောနေတဲ့ခွန်းကို ခဏငြိမ်စေသည်။

အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)Where stories live. Discover now