ep-1

24.1K 854 27
                                    

Zawgyi

"အချစ်ကိုယုံလား.....ချစ်ခဲ့ဖူးလား..."

ထိုစကားကိုပြောလာသူက ခွန်းစစ်
သူ..ခပ်ဖွဖွရယ်မိတော့ အံ့သြသွားသလိုလှမ်းကြည့်လာ၏။

"ဘာလို့လဲ... ကိုယ်ပြောတဲ့ထဲ ရယ်စရာပါလို့လား"

"sorry .....ခွန်း...။ ကျွန်တော် ခွန်းကိုရယ်တာမဟုတ်ပါဘူး။ ပြောရရင် ခွန်း ယုံပါ့မလားပဲ"

"ပြောပါ။ အနည်းဆုံးတော့ အကြောင်းပြချက်ရှိရင် ကိုယ်နေသာမှာပါ"

"ကျွန်တော် အချစ်ကိုမယုံဘူး.....
အချစ်ခံဖို့မွေးဖွားလာတဲ့သူတွေထဲ ကျွန်တော်မပါခဲ့ဘူး။ ခင်ဗျားယုံပါ့မလားတော့မသိဘူး။ လူတစ်ယောက်ကို ဘယ်လိုချစ်ပေးရမလဲဆိုတာတောင် မသိခဲ့တာ အချစ်ခံရတယ်ဆိုတာ ကျွန်တော့်အတွက်တော့ ဟာသတစ်ခုလိုပဲ"

"လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ သင်ယူစရာမလိုပါဘူး။ ချစ်မိသွားရင် အလိုလိုတတ်မြှောက်သွားကြတာပါပဲ။ လူတိုင်း အချစ်ခံကြရတာခြင်း အတူတူပါပဲ။ ဘယ်သူမှထူးပြီး အချစ်မခံသင့်တဲ့သူဆိုပြီး မရှိပါဘူး"

"ထားပါလေ.....လူတိုင်းတော့ ခံယူချက်ချင်းဘယ်တူနိုင်ပါ့မလဲ။ ခွန်းနဲ့ကျွန်တော်လည်း မတူညီနိုင်တာ မဆန်းပါဘူး။ သေချာတာတော့ ကျွန်တော် မချစ်ဖူးဘူး။ ကျွန်တော်လစ်တော့မယ် ခွန်း။ နောက်မှတွေ့မယ်"

"ok ....."

ထွက်ခွာသွားသော ကျောပြင်ငယ်အားကြည့်ရင်း သက်ပြင်းရှည်ကိုသာ ချမိတော့၏။
မင်း ဘယ်တော့မှ ရိပ်မိမလဲ ကလေးငယ်.....
ကိုယ့်အချစ်တွေမြင်အောင်ကြည့်ပေးပါလားကွာ...

>>>>><<<<<

"မာမီကြီး သားပြန်လာပြီ"

"ဟော ငါ့သားလေးပြန်လာပြီ။ မိငယ်ရေ သံပုရာရည်ယူခဲ့"

"အား....မာမီကြီး အကောင်းဆုံးပဲ။ လာပါဦး သားအချစ်ဆုံးကြီးကို အာဘွားပေးရမယ်"

"ဖယ်စမ်းပါ။ မကြီးမငယ်နဲ့ ကလေးလုပ်နေတယ်"

"မာမီးကလည်း သဘောကျရဲ့နဲ့ ။ ရွတ် ရွတ်"

ပြောရင်း ဘယ်ပြန်ညာပြန်နမ်းသွားတဲ့ တူတော်မောင် ပြောမနိုင်ဆိုမနိုင်လေးအား ဒေါ်ပပ မနိုင်ဘူးဆိုသည့်သဘောနှင့် လွတ်ထားလိုက်ရင်း သံပုရာရည်ခွက်အား လှမ်းပေးလိုက်သည်။

အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)Where stories live. Discover now