Zawgyi
အာကာ အိမ်ထဲလှမ်းဝင်လိုက်သည်နှင့် မိထွေးတော်၏ အမည်မဖော်တတ်သောအကြည့်က သူ့ဆီသို့ တန်းရောက်လာသည်။ တစ်ခုခုကိုပြောချင်နေသည့်ဟန်က အထင်းသား။ သို့သော် ကောင်းမွန်သည့်စကားမဟုတ်နိုင်တာကိုတော့ သူသိသည်။
"အရှက်မရှိလိုက်ပုံများ..."
ကြားလိုက်ရတဲ့စကားကြောင့် သူ ထောင်းခနဲဒေါသထွက်သွားသည်။ ဒီနေရာမှာ ထိုအမျိုးသမီးနှင့်သူပဲရှိနေတာကြောင့် ဒီစကားရဲ့ဦးတည်ချက်ဟာ သူဆိုတာ တည့်တည့်မပြောလည်း ရှင်းနေတာပဲလေ။ ချက်ချင်းလှည့်ကြည့်မိတော့ သူဘာမှမပြောခဲ့တဲ့အတိုင်း ခပ်တည်တည်ဖြင့် ပြန်ကြည့်နေလေသည်။
ပြသနာမရှာချင်လို့ အသာထားလိုက်ကာ အပေါ်ထပ်သို့တတ်လာခဲ့လိုက်တယ်။ အကယ်၍သာ ထိုအမျိုးသမီးက ပြဿနာကိုမီးထွန်းရှာနေမှန်း သူသိခဲ့ပါက ထိုအချိန်က အသာငြိမ်နေခဲ့မည်မဟုတ်ခဲ့ပါ။
ဒုက္ခဆိုတာအပေါင်းအဖော်နဲ့လာတတ်တယ်ဆိုတာ အမှန်ပဲ။ ယခုမှ သာယာလာတဲ့သူ့ဘဝလေးကို မုန်တိုင်းတိုက်လာမယ်လို့မထင်ထားခဲ့ဘူး။
အဲ့ဒီနေ့က ပုံမှန်ပါပဲ။ ခွန်းကဖုန်းဆက်နိုးပေးခဲ့သည်။ ခွန်းနှင့်ခဏစကားပြောပြီး ကိုယ်လက်သန့်စင်ကာ အောက်ထပ်သို့ဆင်းလာခဲ့တယ်။ ထမင်းစားခန်းထဲမှာ မိငယ်ကို ကော်ဖီဖျော်ပေးဖို့ပြောပြီး ထိုင်စောင့်နေချိန် သူရှိရာသို့ ဒေါသတကြီးနဲ့ရောက်လာတဲ့ အဖေဟာ ဘာစကားတစ်ခွန်းမှမဆိုပါဘဲ သူ့ကိုဆွဲထိုးခဲ့သည်။
"မွေးရကျိုးမနပ်တဲ့ကောင်..... မိဘမျက်နှာအိုးမဲသုတ်တဲ့ကောင်..... ရွံစရာကောင်းလိုက်တာကွာ..... တောက်"
အငိုက်မိကာ အထိုးခံလိုက်ရတာမို့ ပြိုလဲကျသံတွေက မညင်သာခဲ့။ အသားနာတာထက် အပြောခံရတဲ့စကားတွေကို ပိုနာသည်။ ဘာအကြောင်းအရာအတွက် သူအပြောအဆိုခံ၊ အထိုးခံခဲ့ရသလဲဆိုတာ မသိ။ တရုတ်ပြည်မှာရှိနေတဲ့အဖေက ရုတ်တရက်ကြီး သူ့ရှေ့ရောက်လာပြီး ဘာကြောင့် စွပ်စွဲပြောဆိုရပါသလဲ... ဘာကြောင့်ထိုးနှက်ရပါသလဲ...... သူအံသြလွန်းလို့ ကြောင်နေမိသည်။
ESTÁS LEYENDO
အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)
Romance[Zawgyi] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး..... [Unicode] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး.....