Zawgyi
သူတို့နှစ်ဦး၏ ပထမဆုံးအနမ်းက ထိတွေ့ရုံလေးဆိုပေမဲ့ ကလေးငယ်ဘက်မှ စတင်ခဲ့သည်ဆိုသောအသိက သူ့ကို ရူးစေသည်။ နူးညံ့ချိုမြိန်သော တဒင်္ဂအထိအတွေ့လေးက သူ့ကိုလောဘတတ်စေ၏။
သူ့နှုတ်ခမ်းထက်မှ ဆုတ်ခွာသွားသော နှုတ်ခမ်းပါးလေးအား အလောတကြီး ပြန်လည်သိမ်းပိုက်လိုက်ရင်း ထိတွေ့ရုံသာမက ငုံထွေးကာစုပ်ယူမိတော့ ကလေးငယ်သည်လည်း အလိုက်သင့်စီးမြောရင်း ရှည်ကြာသောအနမ်းတို့အား နှစ်ဦးသဘောတူ ပုံဖော်မိကြတော့သည်။
"ချစ်တယ် ကလေးငယ်"
မာရသွန်အပြေးသမားနှယ် မောဟိုက်နေကာ အသက်ကို လုရူနေရပေမဲ့ ထိုစကားကိုတော့ သူပြောဖြစ်အောင်ပြောလိုက်သည်။
"ကျွန်တော်လည်း ချစ်တယ် ခွန်း...ကျွန်တော် ခွန်းကို မယုံနိုင်လောက်အောင်ချစ်မိသွားခဲ့တယ်"
သူ့လည်တိုင်မှာ မျက်နှာအပ်ကာ တီးတိုးပြောလာတာကြောင့် ကြည်နူးမူ့က ဘာနဲ့မှမတူ။ ကလေးငယ်၏နှုတ်ခမ်းပါးလေးက သူ့လည်တိုင်ပေါ် အထက်အောက် စုန်ချည်ဆန်ချည်။ တစ်ခါတစ်ခါ လည်ဂုတ်သားပေါ် သွားနှင့်ဖွဖွကိုက်နေသေးတာကြောင့် လူကမရိုးမရွ။
"ခွန်းသိလား...ခွန်းနှုတ်ခမ်းတွေက ကျွန်တော့်ကို ယစ်မူးစေတယ်။ ခွန်းက မိန်းကလေးတစ်ယောက်မဟုတ်ပါဘဲ ကျွန်တော့်ကို ဒီလောက်ထိစွဲလန်းစေနိုင်သလား..... ဒါဟာ ကျွန်တော့်အတွက် အန္တရာယ်ပဲ။ ကျွန်တော့်စိတ်တွေ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အခါကျ ကျွန်တော်တို့နှစ်ယောက်လုံး အန္တရာယ်ရှိလာနိုင်တယ်"
သူ အံ့သြသွားသည်။ ဒီစကားတွေဟာ ကလေးငယ်နှုတ်က ထွက်တာဟုတ်ပါစ။
"ကြားလား... အဲ့တာကြောင့် နောက်တစ်ခါ ကျွန်တော့်ကို စိတ်ရိုင်းတွေဝင်အောင်မလုပ်နဲ့"
နောက်ဆုံး သူ့ ပုခုံးပေါ် အားနှင့်ကိုက်ချလိုက်ကာ လူချင်းခွာလိုက်ရင်း ပြုံးစစမျက်နှာပေးဖြင့် ပြောလာသည်။ နာကျင်သွားသောပုခုံးစွန်းအား လက်ဖြင့်ဖိနှိပ်လိုက်ရင်း...
"စိတ်ရိုင်းက ဘယ်လိုမျိုးများလဲ... အင်း...စဉ်းစားစရာပဲ"
"လာနောက်နေသေးတယ်ပေါ့... တကယ်သိချင်လို့လား"
YOU ARE READING
အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)
Romance[Zawgyi] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး..... [Unicode] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး.....