ep-7

6K 476 26
                                    

Zawgyi

မြို့ပြရဲ့ လမ်းမတွေသည် ညနေခင်းရဲ့ဆည်းဆာအောက်မှာ ပုဇွန်ဆီရောင်တောက်နေလေ၏။ ထိုလမ်းမထက်ဝယ် ဆိုင်ကယ်တစ်စီးက အရှိန်မှန်မှန်ဖြင့် မောင်းနှင်လျက်ရှိသည်။ ခဏအကြာမှာ ဆိတ်ငြိမ်ရပ်ကွက်တစ်ခု၏ ခြံကျယ်ကြီးတစ်ခြံရဲ့ရှေ့မှာ ရပ်တန့်သွားလေသည်။
ပြီးနောက် ဖုန်းကိုဖွင့်ကာ mess တစ်စောင်ပို့လိုက်လေသည်။

ကျွန်တော်ရောက်ပြီ

တအောင့်လောက်ကြာသောအခါ လူတစ်ယောက်ထွက်လာသည်။ ထိုလူသည် ခွန်းစစ်။ ခွန်းစစ်ကိုမြင်သည်နှင့် ဆိုင်ကယ်ပေါ်မှ လူငယ်သည် လက်လှမ်းပြလိုက်လေ၏။

"စောင့်ရတာ ကြာသွားပြီလား ချာတိတ်။ sorryကွာ ရေချိုးနေလို့ ။ အထဲတော့ဝင်မစောင့်ဘူး"

"မကြာပါဘူး ။ တစ်နေရာရာသွားရအောင် ။ အေးဆေးစကားပြောနိုင်မဲ့နေရာပေါ့။ ကန်ဘေးမှာ သွားထိုင်ကြမလား"

"အင်း သွားကြတာပေါ့ ။ အကို ဆိုင်ကယ်ယူခဲ့ရဦးမလား"

"မယူနဲ့တော့။ ကျွန်တော်နဲ့ပဲလိုက်ခဲ့"

"အိုကေ အကိုစီးမယ် ချာတိတ်နောက်ကထိုင်လိုက်"

"ဟုတ် ခွန်း.."

အာကာ ဆိုင်ကယ်နောက်မှာ တတ်ထိုင်ပြီးတော့ ဆိုင်ကယ်လေးသည် အရှိန်ပုံမှန်ဖြင့် မောင်းထွက်သွားတော့သည်။

ရေချိုးပြီးစ ခွန်းထံမှ ရနံ့သင်းသင်းလေးက သူ့ကိုသတိလက်လွတ်ဖြစ်စေသည်။ ဦးခေါင်းထက်မှ ရေမခြောက်သေးသောဆံပင်တွေဆီမှ ရှန်ပူရနံ့သင်းသင်းလေးကလည်း ဒီနေ့မှ ပိုမွှေးနေသလားမသိ။ သူကိုယ်တိုင်မသိလိုက်ပါပဲ လက်တို့က ခွန်းရဲ့ခါးဆီမှာ ရစ်ပတ်လျက်။ မျက်နှာကို ခွန်းကျောပြင်မှာအပ်ကာ ခွန်းရဲ့ ကိုယ်သင်းရနံ့ကို တိတ်တခိုးနမ်းရှိုက်မိပြန်သည်။ ဆိုင်ကယ်စီးနေရင်း လိုရာခရီးမြန်မြန်မရောက်ဖို့ ဆုတောင်းမိလောက်အောင် ဒီအခြေအနေလေးကို တပ်မက်မိပြန်၏။

ဘုရားရေ ဒါ...ဘယ်လိုအခြေအနေကြီးလဲ ...သူ ခွန်းအပေါ် ဘယ်လိုစိတ်တွေမွေးမိနေပါလိမ့်... ဒတင်္ဂစိတ်လွတ်သွားတာ...ဟုတ်တယ် ဒီနေ့ အိမ်ကစိတ်ရှုပ်စရာတွေကြောင့် ခဏစိတ်လွတ်သွားတာပါ။ သူက ခွန်းကို အဟား...မဖြစ်နိုင်တာ။

အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)Kde žijí příběhy. Začni objevovat