ep.19

5.5K 422 30
                                    

Zawgyi

ခြံထဲမှခုံတန်းလေးပေါ်တွင် ဒေါ်ပပကထိုင်နေကာ မြက်ခင်းပြင်ပေါ်တွင်တော့ အာကာသည် ခေါင်းငုံကာဒူးထောက်လျက်ထိုင်နေလေ၏။

"သား... "

"............"

"သား မာမီးကိုကြည့်စမ်း"

တဖြည်းဖြည်းဦးမော့လာတဲ့ တူဖြစ်သူကိုကြည့်ရင်း ဒေါ်ပပ စိတ်လိုလက်ရကြည်သာစွာ ပြုံးပြလိုက်တယ်။

"သားရယ် အဲ့လိုမျက်နှာကြီးနဲ့မနေစမ်းနဲ့။ သားနဲ့မလိုက်ဘူး။ ရယ်ပါ...ပြုံးပါ။ ဘယ်လိုအကြောင်းနဲ့မှ အပြုံးမပျက်စေနဲ့ သားရဲ့။ တလောကလုံးကသားကို ဝိုင်းလက်ညိုးထိုးနေရင်တောင် မာမီးကသားရှေ့က မားမားမတ်မတ်ရပ်တည်ပေးမှာ။ မာမီးကိုသာ စောစောကပြောပြခဲ့ရင် သားတစ်ယောက်ထဲ လျောက်တွေးပြီးပူနေစရာမလိုလောက်ဘူး"

"သား ကြေက်ခဲ့တာ။ မာမီး သားကိုရွံသွားမှာ၊ မုန်းသွားမှာကို.... အဲ့ဒါကြောင့် ပြောမထွက်ခဲ့ဘူး"

အို... သားရယ် မာမီး သားအပေါ် မိခင်တစ်ယောက်လိုတာဝန်ကျေတယ်ထင်ခဲ့တာ အလွဲကြီးလွဲနေပါရောလားကွယ်။ မာမီး သားကိုဘယ်လိုတောင်းပန်သင့်လဲ.... မာမီး သားစိတ်ကိုမဖတ်နိုင်ခဲ့ဘူး။ သားအတွက်ထိတ်လန့်တုန်လှုပ်ဖို့ကောင်းပြီး မသေချာမရေရာတဲ့ ဝိုးတဝါးခံစားချက်တွေကို ဖြတ်ကျော်ခဲ့ချိန်မှာ သူစိမ်းတစ်ယောက်လောက်တောင် မာမီးအသုံးမကျခဲ့ပါလား။

"ဒီမှာကြည့်စမ်းသား..... မာမီးကဘာကြောင့် သားကိုရွံမုန်းရမှာလဲ။ မာမီး သားကို သိပ်ချစ်တာသိတယ်မို့လား... ဘယ်လိုအကြောင်းမျိုးနဲ့မှ ရွံမုန်းသွားတယ်ဆိုတာ ရှိလာမှာမဟုတ်ဘူး။ မှတ်ထားနော်... အဲ့တာကြောင့် မာမီးကို သားဘာမဆိုရင်ဖွင့်တိုင်ပင်ပါ ဟုတ်ပြီလား"

"တကယ်ပဲ မာမီး ဘယ်လိုမှမခံစားရဘူးလား။ သားက gay တစ်ယောက်ဆိုတာတောင်"

မော့ကြည့်ရင်းပြောလာတဲ့ တူဖြစ်သူ၏ဆံပင်များကို ပွတ်သပ်ပေးကာ ပြုံးလိုက်သည်။

"ဘယ်လိုမှမခံစားရဘူးပြောရင် မာမီးညာတာပေါ့သားရယ်။ မာမီးမျှော်လင့်ပြီး စိတ်ကူးယဉ်ထားတဲ့ သားဘဝလေးနဲ့က တခြားစီဖြစ်နေခဲ့တာကိုး သားရဲ့။ နည်းနည်းတော့ဝမ်းနည်းမိတာပေါ့။ ဒါပေမဲ့ gay ဆိုတော့ရော ဘာဖြစ်လဲ။ သူတစ်ပါးသားသမီးကိုဖျက်စီးနေတာမှမဟုတ်ဘဲ၊ သူများပစ္စည်းခိုးနေတာလည်းမဟုတ်ဘူးလေ။ ဒီလိုဖြစ်ဖို့ ကံကြမ္မာဖန်လာတယ်လို့ ပဲတွေးလိုက်တယ်။ အဓိကကတော့ မာမီးသားလေးစိတ်ချမ်းသာဖို့ပဲ။ အဲ့တာကြောင့် ဘာမှလျောက်တွေးပူမနေဘဲ ပျော်ပျော်ရွှင်ရွှင်နေ ဟုတ်ပြီလား"

အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)Where stories live. Discover now