Zawgyiညသည် တခြမ်းပဲ့လ၏အလင်းရောင်အောက်မှာ တိတ်ဆိတ်ငြိမ်သက်လျှက်။ တလူးလူးတလိမ့်လိမ့်နှင့် အိပ်မပျော်နိုင်သူကား ခွန်းစစ်။ နေ့ခင်းက ချာတိတ်နှင့် မိန်းကလေးတစ်ယောက်ကို ဆိုင်တစ်ဆိုင်မှာ ရယ်မောပျော်ရွှင်နေတာ တွေ့ခဲ့ရပြီးနောက် သူ့စိတ်တို့ လေးလံကာစိုးရွံနေမိသည်။ ကြောက်မိတယ်ဆို ပိုမှန်မလား။ ထိုမိန်းကလေးနှင့် ရယ်မောပျော်ရွှင်နေပုံက ချာတိတ် အရမ်းပျော်နေပုံရ၏။ အတ္တကြီးတယ်ပဲဆိုဆို ချာတိတ်ဘေးမှာ သူမဟုတ်တဲ့ တခြားလူတွေရှိနေမှာကို မကြိုက်။ ချာတိတ်ကိုပျော်ရွှင်စေသူဟာ သူကိုယ်တိုင်ပဲဖြစ်စေချင်မိတာ သူ့ရဲ့အတ္တတစ်ခု။
နာရီကိုကြည့်မိတော့ ညဆယ်နာရီ။
သူ မဆိုင်းမတွ ချာတိတ်ဆီဖုန်းခေါ်လိုက်သည်။ တဖက်မှ ချက်ချင်းဖုန်းမကိုင်တော့ သူ့အပူမီးတို့က တစ်စတစ်စနှင့်ကျွမ်းလောင်လာတော့သည်။ အမြန်ကိုင်ပါ ကလေးငယ်ရာ အကိုရူးတော့မယ်။"ဟဲလို..."
"ဟဲလို... ချာတိတ် ဘာလုပ်နေလဲ"
"Sorry ခွန်း... ရေချိုးခန်းဝင်နေလို့ ဖုန်းဝင်နေတာ မသိလိုက်ဘူး"
"ရပါတယ်ကွာ...ခုမှရေချိုးတာလား ခေါင်းတွေပြောင်အောင်သုတ်...အအေးပတ်မယ်"
အဲ့ဒီမိန်းကလေးအကြောင်း မေးလိုက်မယ်ဆိုတဲ့အတွေးတွေက တကယ်တမ်း ချာတိတ်အသံကြားလိုက်ရတော့ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။ သူဆိုတာ အဲ့ဒီလိုလူမျိုး။ ကိုယ့်အတွက်ကိုယ်တွေးဖို့ထက် ချာတိတ်အတွက်အရင်တွေးပေးလိုက်တဲ့အထိ သူ ချာတိတ်အပေါ်ထားတဲ့ မေတ္တာတရားက ကြီးမားလေးနက်ပါ၏။
ရယ်စရာတော့အကောင်းသား၊ ယောင်္ကျားလေးတစ်ယောက်ဖြစ်တဲ့သူက ယောင်္ကျားလေးတစ်ယောက်ဖြစ်တဲ့ ချာတိတ်ကို ပြောမပြနိုင်အောင် မြတ်နိုးတွယ်ငြိနေရပါတယ်ဆို ယုံကြပါ့မလား။ ချာတိတ်ကရော သူ့ခံစားချက်တွေကို သိသွားခဲ့ရင် သူ့ကိုကြည်ဖြူနိုင်ပါတော့မလား။ အခုလိုမျိုး အရာရာကို ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုနိုင်ပါတော့မလား။
![](https://img.wattpad.com/cover/188119100-288-k415613.jpg)
YOU ARE READING
အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)
Romance[Zawgyi] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး..... [Unicode] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး.....