Zawgyiနေ့သစ်တစ်ခုအစပြုချိန်မှာ စိတ်ကြည်လင်စွာဖြင့် ကျွန်တော်ပေါ့ပါးစွာ နိုးထလာခဲ့သည်။ မနေ့က စိတ်ထဲရှိသမျှ အဖုအထစ်တွေ၊ အဆူးတွေကို ဖွင့်ထုတ်လိုက်ရ၍ ဝန်ပေါ့သွားသလိုခံစားမူ့မျိုးဖြင့် အေးချမ်းစွာ အိပ်စက်ခဲ့သည်မို့ ထင်၏။ ထိုကြောင့်လည်း ခွန်းကို ထပ်ခါ ကျေးဇူးတင်မိပြန်၏။ မျက်လုံးဖွင့်တာနှင့် ခွန်းကိုသတိရနေမိပြန်ပါလား....
Ring....ring.....
မနက်အစောကြီး ဘယ်သူလဲဟ...
ဖုန်းလေးကို ဆွဲယူကြည့်မိတော့ မသိတဲ့နံပါတ်။"ဟဲလို..."
"ဟဲ့ အာကာ ငါပါ"
တဖက်မှ အသံစူးစူးက နားမခံသာပေ။ ဖုန်းကို နားမှ အလျှင်အမြန်ခွာလိုက်မိသည်။
ဘယ်ကငါပါလိမ့်...."ဘယ်က ငါလဲဗျ..."
"ဟဲ့ နင့်သူငယ်ချင်း ညို့သီရိဇော် လေဟာ။ ငါ့အသံကိုမမှတ်မိဘူးလား"
ညို့သီရိဇော် ညို့သီရိဇော် စဉ်းစားစမ်း ။သြော် ဟုတ်သား ဟိုဂျပုမ မိညို့။
"သြော် ဂျပုမမိညို့ အေး ပြော"
"ဘာ ဘာ ဂျပုမ ဟုတ်လား ဟဲ့ နင်သေချင်နေပြီလား"
အမလေးဗျာ.....ပြဲလိုက်တဲ့အသံ နားကိုအူသွားတာပဲ။
"တိုးတိုးသက်သာပြောပါဟာ နားကိုအူသွားတာပဲ။ ငါးစိမ်းသည်ကျလို့..."
"ဘာ.....ငါးစိမ်းသည် နင် နင် ငါနင့်ကို ဒီတိုင်းမထားဘူး သတ်ပစ်မယ်။ အခုချက်ချင်း ငါ့လာတွေ့"
တစ်ဖက်မှ ကပ်ကပ်လန်ရန်တွေ့သံကြောင့် သူပြုံးလိုက်မိသည်။ ဒါပဲလေ ညို့သီရိဇော် ဆိုတာ။ အထိမခံတဲ့ စွာတေးလန်မလေး တနည်းအားဖြင့် သူ့ရဲ့ ငယ်သူငယ်ချင်း မိညို့။
မဆုံတွေ့ဖြစ်တာ အထက်တန်းအောင်ပြီးကတည်းက။ အထက်တန်းအောင်ပြီး မိညို့က သူ့အဒေါ်တွေရှိရာ စင်ကာပူမှာ ကျောင်းသွားတတ်တော့ သူနှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။"လာတွေ့ရအောင် နင်ကဘယ်မှာလဲ"
"ငါပြန်ရောက်နေပြီ။ ရောက်ရောက်ချင်း ငါ့သူငယ်ချင်းလေးကို ဦးဆုံးသတိရလို့ ဆက်သွယ်လိုက်တာကို နင်ကတော့ ဘာရယ် ငါးစိမ်းသည်၊ ဂျပုမ ဟုတ်လား ။အေး ဒီနေ့ နင်သေပြီသာမှတ်လိုက်တော့။ အရင်အိမ်မှာပဲမို့လား ငါအခုလာခဲ့မယ်။ ဘယ်မှမသွားပဲစောင့်နေ တွေ့မှ ကျောပုတ်အောင်ရိုတ်ပစ်မယ်။ ဒါပဲ ချလိုက်တော့မယ်"
![](https://img.wattpad.com/cover/188119100-288-k415613.jpg)
KAMU SEDANG MEMBACA
အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)
Romansa[Zawgyi] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး..... [Unicode] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး.....