ep-2

10.4K 586 22
                                    

Zawgyi

နေရောင်ခြည်သည် ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ လှလှပပလေး ဖြာကျနေလေသည်။
သို့သော် ထိုအလှအပအား မခံစားနိုင်ဘဲ အပြစ်မြင်နေတဲ့ လူတစ်ယောက်လည်း ရှိနေခဲ့၏။ ခေါင်းအုံးအား မျက်နှာပေါ်အပ်ကာ ပေအိပ်နေသော အာကာ။ အတန်ကြာသည့်အထိ မလှုပ်မယှက်။ သို့သော်... နေရောင်ခြည်၏စူးရှမူ့အား အချိန်ကြာမြင့်စွာ မခံစားနိုင်သည့်အလား... ဝုန်းခနဲထကာ ထိုင်လေတော့သည်။ ထို့နောက်မှာတော့ ရေချိုးခန်းထဲမှ သီချင်းလေးတ‌ကြော်ကြော် အော်ဆိုနေသံကို ကြားကြရပါလိမ့်မည်။

"ဂွတ်မောနင်း မာမီး...ရွှတ်"

လှေကားရင်းမှာ တွေ့လိုက်ရတဲ့ အဒေါ်ဖြစ်သူအား နှုတ်ဆက်လိုက်ရင် ရွှတ်ခနဲနေအောင် ပါးပြင်ဖောင်းဖောင်းကြီးကို နမ်းလိုက်တော့ ဒေါ်ပပတစ်ယောက် တူဖြစ်သူအား အချစ်ပိုရတော့သည်။

မာမီဆိုမာမီ၊ မာမီကြီးဆိုမာမီကြီး ခေါ်ဖို့ပြောသော်လည်း မာမီးဟူ၍သာ နှုတ်ကျိုးနေသော တူတော်မောင်ပါပေ။
ကြာတော့ ဒီအဒေါ်ကလည်း မာမီးခေါ်တိုင်း သဘောခွေ့နေတဲ့သူ ဖြစ်သွားပါလေရော။

"သား မနက်စာစားတော့မလား"

"မစားတော့ဘူး မာမီး။ သား ရှမ်းသွားစားမလို့၊ မာမီးဖို့ရော ပါဆယ်ဆွဲခဲ့ရမလား"

"နေပါစေ သားရေ...မာမီး စားချင်စိတ်မရှိဘူး"

"Okဗျာ... သားသွားပြီ"

ပြောရင်း လှစ်ခနဲ ဆိုင်ကယ်စီးကာ ထွက်သွားတာမို့

"ဟဲ့ ဟဲ့ ဆိုင်ကယ်သတိထားစီးဦး....‌သြော် ဒီကလေးနှယ် စကားဆုံးအောင် နားမထောင်ဘူး"

"တီတီကလည်းလေ အကိုလေးအကြောင်း မသိတာကျလို့ ပြောနေသေး"

ဘေးနားရောက်လာတဲ့ မိငယ်ရဲ့ ပြောစကားကြောင့် ဒေါ်ပပရဲ့ ဒေါသတွေက မိငယ်ခေါင်းပေါ်သို့ ဒေါက်ခနဲ။

>>>>><<<<<

စားနေကျဆိုင်လေးရောက်တော့။ လူအတော်ကျနေသည်။ စားပွဲအလွတ်လိုက်ရှာမိတော့ ထောင့်နားက စားပွဲကနေ လက်လှမ်းပြနေတဲ့ ခွန်းကြောင့် ထိုစားပွဲဆီသို့ ခြေလှမ်းတွေကို ဦးတည်လိုက်သည်။

အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)Onde histórias criam vida. Descubra agora