🍎5🍎

11.3K 1.1K 49
                                    

*ညီညီ*

လန်​ကျန့်​ အလုပ်​ထဲ အာရုံနှစ်​ထားတုန်း ​ခေါ်သံကြားလို့ ​မော့ကြည့်​လိုက်​​တော့ ကိုကိုရှီးချန်

*ကိုကို ထိုင်​​လေ*

*မထိုင်​​တော့ဘူး။ ကိုကို လာတာ Hot Pop သွားစားဖို့ လာ​ခေါ်တာ။*

လန်​ကျန့်​ နာရီကြည့်​လိုက်​​တော့ ၆ နာရီ​တောင်​ထိုး​တော့မယ်​။ အချိန်​က အဲ့​လောက်​​တောင်​မြန်​ရသလား။

*အွန်း သွားစားကြမယ်​​လေ။*

လန်​ကျန့်​လည်း လုပ်​လက်​စ အလုပ်​ကို အပြီးသတ်​။ ဖိုင်​​တွေကို ​သေ​သေချာချာထပ်​ပြီး ကိုကို နဲ့ အတူတူ ရုံးခန်းထဲက​နေ ထွက်​လာခဲ့သည်​။ ​ရှင်းချန်​၊ ဆုန့်​လန်​၊ လန်​ကျန့်​၊ ရှီးချန်​ ​လေး​ယောက်​သား Hot Pop Land ဆိုတဲ့ ဆိုင်​ကို ​ရောက်​လာခဲ့သည်​။

လန်​ကျန့်​တို့ ဆိုင်​​ရှေ့အ​ရောက်​ ​ဝေ့၀ူရှန့်​ တို့ အဖွဲ့ကို ​တွေ့လိုက်​ရသည်​။ 

ရှင်းချန်​ - ဇီရွှမ်း

ဝေ့၀ူရှန့်​ တို့ ​ခေါ်သံကြားလို့ လှည့်​ကြည့်​လိုက်​​တော့

#​သေပြီ။ သူတို့နဲ့မှ တိုးရတယ်​လို့။ #

ဝေ့၀ူရှန့်​တို့ကို ကြည့်​လိုက်​​တော့ အမယ်​ ၅​ယောက်​သား ​အခုမှ ​ကြောက်​​နေကြတာ။

ဇီရွှမ်း - ​အော် CEO တို့ဘဲ။

ရှီးချန်​ -  Hot Pop လာစားကြတာလား။ ကျွန်​​တော်​တို့နဲ့ အတူတူ ထိုင်​ကြတာ​ပေါ့။ ရတယ်​မလား ၀မ့်​ကျီး

ရှီးချန်​ ညီ​တော်​​မောင်​ကို ကြည့်​လိုက်​​တော့ ​ဝေ့၀ူရှန့်​ လက်​ကို တွဲချိတ်​ထားတဲ့ ၀မ်း​နင်​ကိုသာ စိုက်​ကြည့်​​နေသည်​။ ဟိုက​လေးက​တော့ ​ကြောက်​ပြီး ​ဝေ့၀ူရှန့်​ နားက​နေ အမြန်​ခွာပြီး ဟွိုက်​စန်း​ဘေး ​ရောက်​သွားသည်​။ ရှီးချန်​ ​ခေါင်းသာ ရမ်းမိသည်​။

လန်​ကျန့်​ - သွားမယ်

ဆိုပြီး ​ဝေ့၀ူရှန့်​ လက်​ကို ဆွဲ ပြီး ဆိုင်​ထဲ ၀င်​သွား​တော့ ကျန်​သူ​တွေ အားလုံး ပါးစပ်​အ​ဟောင်းသား။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now