🍎24🍎💏💏ဇီရွှမ်း နဲ့ ယန်​လီ💏💏

6.4K 565 56
                                    

*ကျင်းဇီရွှမ်း!!ရှင်​ ကျွန်​မ​နောက်​ကွယ်​မှာ ​ဖောက်​ပြန်​​နေတာလား။*

ဇီ - အားလီ ဘာ​တွေ ​ပြော​နေတာတုန်း။

ဇီရွှမ်း အခုဆို ​STAR အဖွဲ့ရဲ့ မန်​​နေဂျာ မဟုတ်​​တော့ဘဲ သူ့ကုမ္ပဏီကို ဦးစီး​နေပြီဖြစ်​သည်။ အခုလည်း လက်​မှတ်​ထိုးစရာရှိတဲ့ ဖိုင်​​တွေကို လက်​မှတ်​ထိုး​နေတုန်း ရုံးခန်းထဲ ​ဒေါသတကြီးဝင်​လာတဲ့ မိမိဇနီး​လောင်းဖြစ်​သူ​ကြောင့်​ ကိုယ်​မှာ အံ့သြလို့။

ယန်​လီ - ဘာ​တွေ​ပြော​နေလည်း ဟုတ်​လား။ ကုမ္ပဏီ တစ်​ခုလုံးမှာ ပျံ့​နေတာ မသိဘူး မ​ပြောနဲ့​နော်​။ ရှင်​ နဲ့ ရှင့်​အတွင်း​ရေးမှူး မျန်​မျန်​ ဆိုတဲ့ တစ်​​ယောက်​အ​ကြောင်း​လေ။

ဇီ - အာာ အဲ့တာ ဘာမှ မဟုတ်​ပါဘူး အချစ်​ရဲ့။ မျန်​မျန်​ဆိုတာ ကို​ယ့်​ရဲ့ ညီမ​လေးလိုပါဘဲ။ သူက ​ဖေ​ဖေလက်​ထက်​ကတည်းက ​ဖေ​ဖေ့ အတွင်း​ရေးမှူး​လေ။

ယန်​လီ - ဘာမှ မဟုတ်​ပါဘူး။ အဲ့ တစ်​​ယောက်​က ကျွန်​မထက်​ ​ချောတယ်​။ လှလည်း လှတယ်​။ သွက်​သွက်​လက်​လက်​လည်း ရှိ​တယ်​။ ကျွန်​မလိုလူမျိုးနဲ့က​တော့ ဆီနဲ့ ​ရေလိုဘဲ။

ဇီ - ကိုယ့်​ ချစ်​ဇနီး​လောင်း​​လေးက သူထက်​ ​ထောင်​​ပေါင်းများစွာ ​ချောတယ်​။ လှတယ်​။ ကိုယ့်​မျက်​လုံးထဲမှာ မင်းတစ်​​ယောက်​တည်းကသာ အလှဆုံး။ ကိုယ့်​နှလုံးသား ထဲမှာ မင်းကသာ နံပါတ်​တစ်​။ မင်းကသာ ဘုရင်​မ။ မင်းကသာ ကိုယ့်​အသက်​။

ယန်​လီ - ဘယ်​ဇာတ်​ညွှန်းထဲက စာသား​တွေလဲ။

ဇီ - ကိုယ့်​နှလုံးသားက​ရေးတဲ့ ဇာတ်​ညွှန်းပါ။ ထိုင်​ပါအုံး ချစ်​ရဲ့။ ကိုယ့်​ အချစ်​ကို ဘယ်​သူ​တွေက ​ဆေးထိုးလိုက်​တာတုန်း။

ယန်​လီ - ဘယ်​သူမှ မဟုတ်​ဘူး။ ကုမ္ပဏီ တစ်​ခုလုံး ​ပြော​နေတာ။ ဟွန့်​ ကျင်းဇီရွှမ်း ရှင်​ ​ကြပ်​ကြပ်​သတိထား​နေ။

ဇီ - အားလီ ကိုယ်​မင်းကို လိုက်​ခဲ့တာ ၁၂ နှစ်​​တောင်​ရှိတယ်။ ကိုယ်​ဇွဲမ​လျှော့ဘဲ လိုက်​ခဲ့ရတဲ့ အကျိုးဆက်​က အခုလို ချစ်​ဖို့​ကောင်းတဲ့ ကျန်းယန်​လီ ဆိုတဲ့ မင်းရဲ့ အချစ်​ကို ရခဲ့တာဘဲ။ ကိုယ်​က ဘာလို့ မင်းကို ပစ်​ပြီး ​နောက်​တစ်​​ယောက်​တွဲရမှာလဲ။ စိတ်​နဲ့​တောင်​ ကိုယ်​သစ္စာမ​ဖောက်​ပါဘူး။ ကိုယ့်​ကို ယုံကြည်​​ပေးပါ အားလီ။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now