🍎32🍎

6.8K 710 109
                                    

ရှီးချန်​ ရဲစခန်းမှာ ၀န်​ခံ ကတိထိုးပြီး တစ်​ဖက်​က ​ကောင်​​လေး​တွေကိုပါ ​လျော်​​ကြေး​ပေးလိုက်​သည်​။ ဘာဘဲ ဖြစ်​ဖြစ်​ ကိုယ့်​ညီ​ကြောင့်​ ဒဏ်​ရာ ရသွားတာ ဆို​တော့လဲ။ ​ရှောင်းရှင်းချန်​ နဲ့ ဆုန့်​လန်​ ကို Club လွှတ်​လိုက်​ပြီး CCTV မှတ်​တမ်း​တွေ​ ဖျက်​ခိုင်းပြီး ပျက်​ဆီးသွားတာရှိရင်​ ​လျော်​​ကြေး​ပေးလိုက်​ရန်​ မှာလိုက်​သည်​။

📲📲📲

ဖုန်းမြည်​သံ​ကြောင့်​ ကြည့်​လိုက်​​တော့ ကျန်းချန်​ ဆီက။

📞Hello baby📞

📞အခု ဘယ်​မှာလဲ။ ရှန့်​ဟိုင်းသွားတာလဲ ကျွန်​​တော်​ မသိရဘူး။📞

📞ကိုယ်​​တောင်းပန်​ပါတယ်​ Baby ရယ်​။ မင်​ဂျွယ်​ က ဟိုတယ်​ အသစ်​​ဆောက်​ဖို့အတွက်​ ​မြေကွက်​သွားကြည့်​တာ။ မ​ပြောဘူးဆိုတာက သူက ဒီ​နေ့မနက်​မှ ဗြုန်းစား ကြီး ​​ရောက်​လာပြီ ကိုယ့်​ ကိုဆွဲ​ခေါ်သွားတာ။ 📞

📞အခု ​ဘေကျင်း ပြန်​​ရောက်​ပြီလား။📞

📞အင်း ​ဘေကျင်းလည်း ပြန်​​ရောက်​ပြီ။ ရဲစခန်းကိုလည်း အလည်​​ရောက်​ခဲ့တယ်​။📞

📞ရဲစခန်း ဘာဖြစ်​တာလဲ။📞

📞Baby အစ်​ကို ရန်​ဖြစ်​တာ။ အခု​တော့ ​ပြေလည်​သွားပြီ။ ၀မ့်​ကျီး ပြန်​လိုက်​ပို့လိမ့်​မယ်​။📞

📞ထင်​လား။ ခင်​ဗျားညီ ကျွန်​​တော့်​အစ်​ကို့ ကို ပြန်​လိုက်​ပို့မယ်​ဆိုတာ။📞

ရှီးချန်​ ပြန်​မ​ပြောနိုင်​​တော့ဘူး ဖြစ်​​နေသည်​။ ၀မ့်​ကျီး လုံးဝ ​ဝေ့၀ူရှန့်​ ကို ပြန်​ပို့မည်​ မဟုတ်​။

📞မပို့​လောက်​ဘူး။ Baby အိပ်​​တော့​လေ ညဉ့်​နက်​​နေပြီ။📞

📞အင်း ကားလဲ ​ဖြေး​ဖြေး​မောင်း​​နော်​။ အိမ်​ပြန်​​ရောက်​ရင်​ မက်​​ဆေ့လ်​ ပို့📞

📞ဟုတ်​ကဲ့ ချစ်​သူအမိန့်​​တော်​အတိုင်းပါ။ Good night baby📞

📞Good night ကိုကို📞

ရှီးချန်​ Baby အသံ​လေး ကြားလိုက်​ရ​တော့ အ​မော​​ပြေသွားသလို ခံစားရသည်​။ ကားစက်​နှိုးပြီး ရဲစခန်းမှ ​မောင်းထွက်​လာခဲ့သည်​။ ရှီးချန်​ ဘ၀မှာ တစ်​ခါမှ ရဲစခန်းဆိုတာ မ​ရောက်​ဖူးခဲ့။ အခု​တော့ မ​တော်​ရ​သေးတဲ့ ​ယောက်​ဖ ​ကောင်းမှု​ကြောင့်​ ​ရောက်​ရပြီ။ ဦးဦး သိရင်​ မိုးမီး​လောင်​မဲ့ အဖြစ်​။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now