🍎9🍎

10.4K 1K 53
                                    

ဝေ့ - အားးး ပင်​ပန်းလိုက်​တာ

မော့ - ပင်​ပန်းလည်း သည်းခံလိုက်​ပါအုံး ဒီ​နေ့က ရိုက်​ကွင်း ​နောက်​ဆုံး​နေ့ဘဲကို။

ဟုတ်​တယ်​ ဒီ​နေ့က ​နောက်​ဆုံး​နေ့။ ​နောက်​ဆုံး​တော့ ဇာတ်​ကားတစ်​ကား ပြီးသွားပြီ​ပေါ့။

ဝေ့ - ငါ့ကို လူ​တွေ ကြိုက်​ပါမလား။

မော့ - အမယ်​​လေး STAR အဖွဲ့ရဲ့ ​ခေါင်း​ဆောင်​ မဖြစ်​ခင်​ ၂၀၁၄ စက ကျင်းပခဲ့တဲ့ ပြိုင်​ပွဲကတည်းက ပရိတ်​သတ်​ အခိုင်​အမာ ရ​နေတဲ့ လူက လာညည်းပြ​နေတာ။ အဲ့တုန်းကဆို ကျွန်​​တော်​ Ge ကို အမြင်​ကပ်​ဖူးတယ်​။

ဝေ့ - ဘာ ဘာ ဘာ မင်း က ငါ့ကို

မော့ - ဟုတ်​တယ်​။ ဟီးး အဲ့တုန်းက ကျွန်​​တော်​က ပညာသင်​​လေးဘဲ ရှိ​သေးတာ။ ကျွန်​​တော့်​ လက်​ရာကို ပထမဦးဆုံး Ge မျက်​နှာမှာ အသုံးပြုခွင့်​ရခဲ့တယ်​။

ဝေ့ - ငါက ပထမဆုံး

မော့ - အင်း ကျွန်​​တော်​ လက်​မှတ်​​တွေဘာ​တွေရပြီး အလုပ်​​လျှောက်​ဖို့ ပြင်​ဆင်​​နေတုန်း CEO က ကျွန်​​တော့်​ကို လာဆက်​သွယ်​တာ။ အစက​တော့ ကျွန်​​တော့်​မှာ အံ့သြလို့မဆုံးဘဲ။

ဝေ့ - လန်​ကျန့်​ နဲ့ မင်း ဘယ်​တုန်းက ခင်​ခဲ့တာလဲ။

မော့ - အင်းးးး ကျွန်​​တော်​ LA မှာ ​ကျောင်းတတ်​တုန်းက CEOက Business Third Year ကျွန်​​တော်​က Frist Year. စီနီယာ နဲ့ ဂျူနီယာ​ပေါ့။ ကျွန်​​တော်​ အလှပြင်​သင်​တန်း တတ်​လို့ရ​အောင်​လဲ သူဘဲ ကူညီ​ပေးတာ​လေ။

ဝေ့ - ​အော်

မော့ - အဲ့တုန်းကဆို CEO မျက်​နှာက ​ရေခဲရိုက်​ထားတဲ့ အတိုင်း ​အေးစက်​စက်​ကြီး။ မသိရင်​ တ​လောကလုံး သူ့လုပ်​စာ ထိုင်​စား​နေတဲ့ ရုပ်​နဲ့။ အခုမှ သာ နည်းနည်း​လျော့သွားတာ။

ဝေ့ - ငါ့ထက်​​တောင်​ ဆိုးပါ့လား။

မော့ - ပြန်​မ​ပြောနဲ့​နော်​ Ge

ကျွန်​​တော်​ ပြုံးဘဲ ပြုံးပြလိုက်​သည်​။ အင်းး လန်​ကျန့်​ အ​ကြောင်း ​ပြောရဲတာ လန်​ကျန့်​ မရှိတဲ့ အချိန်​ဘဲ။ သူ​ရှေ့သွား​ပြောကြည့်​ ​လေဆာမျက်​လုံး​တွေ နဂါးမျက်​​စောင်း​တွေ နဲ့ အကြည့်​ခံရလို့ ​နောက်​ဘ၀ ကူးသွားလိမ့်​မယ်​။ ဒီ​နေ့က ရိုက်​ကွင်း ​နောက်​ဆုံး​နေ့မို့ သူ့ကို မလာခိုင်း​ခြင်း။ ရိုက်​ကွင်း ပြီးရင်​ အားလုံးစုပြီး ဆိုင်​တစ်​ဆိုင်​မှာ သွားစားကြမည်​။ သူက​တော့ ​ပြောရှာတယ်​ အရက်​​တွေ ဘီယာ​တွေ မ​သောက်​ဖို့။ ဟုတ်​ကဲ့ ကျွန်​​တော်​ ​ဝေ့၀ူရှန့်​က ချစ်​ရသူ အမိန့်​ကို နာခံပါတယ်​။ အရက်​​ကို အ၀​သောက်​ပစ်​မယ်လို့ သံဒိဌာန်​ ချထားလိုက်​သည်​။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now