🍎8🍎

11.3K 1K 77
                                    

ဝေ့၀ူရှန့်​ သတိရလာပြီဆို​တာ​ကြောင့်​ ရိုက်​ကွင်းအဖွဲ့သား​တွေ လာကြည့်​ကြသည်​။ အကုန်​လုံး ပြန်​သွား​ပေမယ့်​ Leo က​တော့ မပြန်​​သေးဘဲ ကျွန်​​တော်​နဲ့ ​အ​ဖော်​လုပ်​​ပေး​နေသည်​။

*​နောင်​​တော်​ရှီ သတိရလာပါပြီလား*

ဝေ့ - သတိရလာပါပြီ ညီ​တော်​၀ူကျင့်

၂​ယောက်​သား ​ပြောပြီး တဟားဟားနဲ့ ရယ်​မိကြသည်​။ ရိုက်​ကွင်းမှာ Leo နဲ့ ​မော့ရွှမ်းယွီ ကလွှဲ ပြီး ဘယ်​သူနဲ့မှ သိပ်​အ​ရောမ၀င်​။ Leo က ကပြားတစ်​​ယောက်​ဖြစ်​သလို ခင်​ဖို့လည်းအရမ်း​ကောင်းသည်​။

Leo - Ge မရှိ​တော့ ရိုက်​ကွင်းက ပျင်းစရာကြီး။ ပြီး​တော့ ကျွန်​​တော်​နဲ့ ထမင်းစား​ပေးမဲ့ လူလည်း မရှိဘူး။

ရှုံ့မဲ့ ပြီး ​ပြော​နေတဲ့ Leo ​ခေါင်းကို ပွတ်​​ပေးလိုက်​သည်​။

ဝေ့ - ​နောက်​​တော့ Leo ကို ခင်​လာကြမှာပါ။

Leo က သမ္မတရဲ့ ​မြေးဖြစ်​​နေလို့ အားလုံးက ရှိန်​​နေကြသလို။ အမှားတစ်​ခုခု ဖြစ်​သွားမှာလည်း အရမ်း​ကြောက်​ရွံ့​နေကြခြင်း။ ရိုက်​ကွင်းစရိုက်​တုန်းက စတိုင်​လစ်​​တွေ Make- Up Artist ​တွေ ရှိန်​​ပြီး ​ကြောက်​​နေကြလို့ ​မော့ရွှမ်းယွီ ကို ကူညီခိုင်းလိုက်​ရ​သေး။ အမှန်​​တော့ Leo ဆိုတဲ့ ​ကောင်​​လေးက ​မေတ္တာတရား ငတ်​​နေတဲ့ ​က​လေးငယ်​တစ်​​ယောက်​။ ဇာတ်​လမ်းထဲမှာ ရှီကျင့်​ နဲ့ ၀ူကျင့်​ ဆိုတာ အရမ်းကို ချစ်​ကြတဲ့ ညီအစ်​ကို အဖြစ်​ သရုပ်​​ဆောင်​ရ​တော့ အပြင်​မှာလဲ ညီအစ်​ကို အရင်းလိုသာ ဖြစ်​​နေ​တော့သည်​။

Leo - အာ ​မေ့​နေတာ ကျွန်​​တော့်​ ​ကောင်​မ​လေးဆီ သွားရအုံးမယ်​။

ဝေ့ - အမ်

Leo - ​နောက်​မှ Ge နဲ့ မိတ်​ဆက်​​ပေးမယ်​။ သွားပြီ

ပြုံးရွှင်​စွာ ထွက်​သွားတဲ့Leo ကိုကြည့်​ပြီး ကျွန်​​တော်​လည်း ပြုံးမိသည်​။ ​နောက်​ဆုံး​တော့ ဒီ​ကောင်​​လေး ချစ်​သူ ရပြီ။

*ဘာ​တွေ ပြုံး​နေတာလည်း ​ဝေ့ရင်း*

ဝေ့ - လန်​ကျန့်​ လာပြီလား။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now