😘လန်​ဥဥ နှင့်​ ​မျောက်​နှစ်​​ကောင်​😘

6K 648 72
                                    

D-1

ည​နေခင်းဘက်​ ​မြေးအဖိုး ၃​ယောက်​ အိမ်​မှာ ပျင်းတာနဲ့ လမ်း​လျှောက်​ထွက်​လာသည်​။ ဘယ်​ဘက်​မှာ စစ်​​ကျွေး ​လေးကို တွဲ ပြီး ညာဘက်​မှာ ကျင်းရီ ​လေးကို တွဲလို့။ စစ ​လျှောက်​ခြင်း​တော့ ဟုတ်​​နေတာဘဲ။ ပြဿနာ က ဘယ်​မှာ စလည်း ဆို​တော့ အလှစိုက်​ထားတဲ့ ပန်းပင်​​တွေကို ​တွေ့ ပြီး ညီအစ်​ကို ၂​ယောက်​ တွဲထားတဲ့ လက်​​တွေကို ဖြုတ်​ပြီး ​ပြေးသွားသည်​။

ချီရန်​ - စစ်​​ကျွေး ၊ ကျင်းရီ ​ချော်​လဲမယ်​။

ကျင်းရီ - စစ်​​ကျွေး ငါ ဒီပန်းလိုချင်​တယ်​။

စစ်​ကျွေး - ငါ ခူး​ပေးမယ်​ ကျင်းရီ။

စစ်​​ကျွေးတစ်​​ယောက်​ ပန်းခူးတာ မရလို့ အားနဲ့ ဆွဲလိုက်​တာ အပင်​လိုက်​ကြီး ပါလာ​ရော။ဘေးနားက ပန်းမခူးရဆိုတဲ့ ဆိုင်းဘုတ်​ ကြီးက မျက်​နှာငယ်​​လေးနဲ့​ပေါ့။ ထိုအချင်းအရာကို ကြည့်​ပြီး လန်​ချီရန်​ မျက်​လုံးပြူးသွားသည်​။

*​ဟေ့ ဟိုက​လေး​တွေ ဟာ သွားပါပြီ။ မင်းတို့ ဘယ်​လို လုပ်​တာလဲ ကွ။ ဒီပန်းပင်​​တွေက ဘယ်​သူပိုင်​တယ်​ ထင်​လဲ။*

ကျင်းရီ - ကျွန်​​တော့်​ ပါးပါး ပိုင်​တာ။

ကျင်းရီ စကားကို စစ်​​ကျွေးကလည်း ​ခေါင်းငြိမ့်ပြီး ​ထောက်​ခံသည်​။

*ဘာကွ။ မင်းတို့ကများ ရာရာစစ ဒီပိုင်​ရှင်​က လူပျိုကြီးကွ။*

ကျင်းရီ - လူပျိုကြီး ဆို​တော့ စစ်​​ကျွေး ငါတို့ ဖိုးဖိုးလို​ပေါ့။

စစ်​​ကျွေး - အင်း ဒါဆို ဒီပန်းပင်​က ငါတို့ ဖိုးဖိုး ပိုင်​တာဘဲ။ ဘာမှ မဖြစ်​ဘူး ကျင်းရီ။ ခူးလို့ရတယ်​။

ကျင်းရီ - ဒါဆို ငါတို့ ထပ်​ခူးရ​အောင်​။

စစ်​​ကျွေး - ​ကောင်းပြီ

သူ​တို့​ရှေ့က ၀န်​ထမ်းကို မရှိသလို သ​ဘောထားပြီး ပန်း​တွေ ခူးပစ်​လိုက်​ကြသည်​။ ၀န်​ထမ်း​လေးမှာ အစက ​ကြောင်​ကြည့်​​နေပြီး ​နောက်​မှ သတိဝင်​လာပြီး လိုက်​ဖမ်းပါ​လေ​ရော်​။ မိသွားတဲ့ အချိန်​ ကျမှ ဥယျာဉ်​ထဲမှာ ဘာပန်းမှ မရှိ​တော့ပြီ။ ထိုအခါမှ လန်​ချီရန်​ လည်း အမြန်​​ပြေးလာပြီး ညီအစ်​ကို နှစ်​​ယောက်​ အစား ​တောင်းပန်​ပြီး ပန်းမျိုး​စေ့​တွေ ပြန်​လှူ​ပေးခဲ့ရသည်​။ ​တော်​​တော်​ဆိုးတဲ့ ညီအစ်​ကို။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now