🍎21🍎 👨‍❤️‍👨ရွှယ်​ယမ်​ နဲ့ ရှင်းချန်​👨‍❤️‍👨

8.9K 677 77
                                    

*​ရှောင်းရှင်းချန်​*

ရှင်းချန်​ - ဘာလို့ အာပြဲလျှာပြဲ ​အော်​​နေရတာတုန်း ရွှယ်​ယမ်​။

ရွှယ်​ - ​လျှောက်​လည်​မယ်​လို့။

စူပုတ်​ပုတ်​​လေးဖြစ်​​နေတဲ့ အဆိုး​လေးကို ကြည့်​ပြီး ကျွန်​​တော်​ ပြုံးမိသည်​။ CEO က STAR အဖွဲ့ကို ၂ပတ်​ကြီး​တောင်​ နားရက်​​တွေ ​ပေးထား​တော့ ဘာ​ပြော​ကောင်းမလည်း အကုန်​လုံး ရွစကီး ထကြ​တော့တာ။ ရွှယ်​ယမ်​ ဆို သူ့အိမ်​မှာ ​သောင်​တင်​​နေတာ ၃ ရက်​​တောင်​ ရှိပြီ။ မိဘအိမ်​ မပြန်​ဘူးလားဆို​တော့ ညိုညင်​တာလား ဘာလားနဲ့။ တကယ့်​ အဆိုး​လေး။ CEO တို့က​တော့ ဘယ်​နိုင်​ငံ​ရောက်​လို့ ဘယ်​​ပေါက်​​နေမှန်းမသိဘူး။ သူ့​ချစ်​သူနဲ့ ​ပျော်​ပါးချင်​လို့ ၂ပတ်​​တောင်​ နားရက်​​ပေးသွားတဲ့ CEO ကို မ​ကျေနပ်​။ သူက​တော့ သူချစ်​ချစ်​ ရဲ့ ​ပျော်​ပါးပြီး ဒီကခန့်​​ချောကြီးတို့က​တော့ အလုပ်​ဆင်းရတယ်​။ ကြားထဲ အဆိုး​ကောင်​ကို ထိန်းရ​သေး။ ကြည့်​ထား CEO ပြန်​လာရင်​ ခွင့်​ ၂လ​တောင်​ တင်​ပြီး ကမ္ဘာပတ်​အုံးမယ်​။ CEO လန်​၀မ့်​ကျီး မရှိလို့ CEO လန်​ရှီးချန်​ များ လာမလားလို့ ​​မျှော်​လိုက်​ရတာ သူလည်း ဘာထူးလဲ ​ဒေါသအိုး သူ့ချစ်​ချစ်​ နဲ့ နှစ်​ပါးသွား က​လေရဲ့။

ရွှယ်​ - ​ဟေး ​အသဲလေး ဒီက ကိုကို့ ကို ​ဘေးထားပြီး ဘာ​တွေ ​တွေး​နေတာလဲ

ရှင်းချန်​ - ဘာ အသဲ​လေးလဲ။ သူ့ကိုယ့်​သူ ကိုကို တဲ့ ​ဝေါ့

ရွှယ်​ - ဟာ အသဲ​​လေး ကိုကို က ဘာမှ မဘာရ​သေးဘဲ ဟိုဟာ ရှိ​နေတာလား။

ရှင်းချန်​ - ရွှယ်​ယမ်​!!! မင်း အရှက်​မရှိလိုက်​တာ။

ရွှယ်​ - အဟက်​ အဟက်​ ခင်​ဗျားက သိပ်​ချစ်​ဖို့ ​ကောင်းတာဘဲ။

ရှင်းချန်​ - ရွှယ်​ယမ်​ ငါက မင်းထက်​အကြီး​နော်​။ နည်းနည်းပါးပါး ​လေးစားစမ်းပါ။

ရွှယ်​ - အကြီး ဘယ်​နားကြီးတာလဲ။ ကျွန်​​တော်​ သိတာ​တော့ ​သေး​သေး​လေးပါ့။

ရှင်းချန်​ - ရွှယ်​ယမ်​!!!!!

အဟက်​ အဟက်​ အရမ်းကို ချစ်​ဖို့​ကောင်းတဲ့ ​ကျွန်​​တော့်​ ချစ်​သူပါဗျာ။ ကျွန်​​တော်​ စတိုင်း ပါး​လေး​တွေ ရဲတတ်​ပြီး ရှက်​​သွေးဖြာသွားတဲ့ ဒီလူသားကို ဖြစ်​နိုင်​ရင်​ ဘယ်​သူမှ မမြင်​​အောင်​ ဖွက်​ထားချင်​တယ်​။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now